အခွန် ထမ်းကြီးများ အရေ အတွက်ကို တိုးမြှင့် သတ်မှတ် ပေးမည်
အခွန်ထမ်း
အမျိုးအစားလိုက် ခွဲခြားမှု ကနဦးအစအနေဖြင့် အခွန်ထမ်းကြီးများကို
စတင်ရွေးချယ်ကာ ဆက်သွယ်ရန် ဆောင်ရွက်နေပြီး အခွန်ထမ်းကြီး အခွန်ဆောင်သော
ကုမ္ပဏီများကို တိုးမြှင့်ရွေးချယ် ကာ
လာမည့်နှစ်တွင် အခွန်ထမ်းကြီး ဦးရေ ၁ဝဝဝ
အထိ ရောက်ရှိအောင် သတ်မှတ်ရွေးချယ်သွားရန် ရည် ရွယ်ကြောင်းသိရသည်။
အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့်စနစ် လုပ်ဆောင်နိုင်ရန်အတွက်
အခွန်ထမ်းကြီး များဆိုင်ရာ အခွန်ရုံးကို ဧပြီလက စတင်ဖွင့်လှစ်ကာ
အခွန်ထမ်းကြီးများ၏ ကုမ္ပဏီ အသေး စိတ် အချက်အလက်များ စုဆောင်းနေကြောင်း
သိရသည်။
အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသည်
ကိုယ်တိုင် စည်းကြပ်ထားသည့် ဝင်ငွေကြေညာလွှာ အားလုံး အပေါ်ရရှိထားသည့်
အချက်အလက်ပေါင်းစုံ အသုံးပြုလျက် ဆုံးရှုံးနိုင်ခြေ ခွဲခြမ်းစိတ်ဖြာခြင်း
လုပ်ငန်း စဉ်ဖြင့်သုံးသပ်ပြီး ယင်းသို့တင်သွင်းလာသည့် ဝင်ငွေကြေညာ
လွှာများသည် နောက်ထပ်အသေးစိတ် အခွန်စာရင်း စစ်ဆေးခြင်း
ပြုလုပ်ရန်လို၊မလိုကို စဉ်းစားဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment