(၂၀၁၄-၂၀၁၅)ပညာသင်နှစ်မှစပြီး အလယ်တန်းပညာရေးကို အခမဲ့ သတ်မှတ်ပေးထားကြောင်း သိရ
(၂၀၁၄-၂၀၁၅)ပညာသင်နှစ်မှ စတင်ပြီး အလယ်တန်းမှာ တက်ရောက်သင်ကြားမယ့် ကလေးငယ် များအတွက် ပညာသင်စရိတ်ကို အခမဲ့ သတ်မှတ်ပေးလိုက်ပြီဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးရဲ့
ပြောကြားချက်အရ သိရပါတယ်။ အလယ်တန်းတက်ရောက်မယ့် ကလေးငယ်များ အနေနဲ့
ကျောင်းလခများ၊ ပုံနှိပ်စာအုပ်များကို အခမဲ့ရယူနိုင်မှာ
ဖြစ်ပါတယ်။ မူလတန်းပညာရေး အတွက်ကိုတော့ ပြီးခဲ့တဲ့
(၂၀၁၁-၂၀၁၂)ပညာသင်နှစ်မှစတင်ပြီး ကျောင်းလခများ၊ ပုံနှိပ်စာအုပ်များ၊
ဗလာစာအုပ်များကိုပါ ကျောင်းအပ်နှံရာမှာ အခမဲ့ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်အတွက်
ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ
သတ်မှတ်ပေးထားပြီး လက်ရှိမှာတော့ တစ်ချို့ကျောင်းများအနေနဲ့
ကိုယ့်အစီအစဉ်နဲ့ကို ကျောင်းအပ် လက်ခံမှု များကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment