ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများကို အထောက် အပံ့ ပေးနိုင်ရန် ခရီးသွားလုပ်ငန်း ဖွံ ဖြိုးရေးဘဏ် တည်ထောင်မည်
မြန်မာနိုင်ငံသို့
နိုင်ငံတကာမှ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု
များပြား လာပြီး မြန်မာ့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာရာ ဟိုတယ် လုပ်ငန်းများ၊ ခရီးသွား ဝန်ဆောင်မှု
လုပ်ငန်း များကို လုပ်ကိုင် ဆောင်ရွက် လာကြသော ကုမ္ပဏီများနှင့်
လုပ်ငန်းရှင်များ အရေအတွက်သည် တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြား လာသဖြင့်
၎င်းတို့ကို အထောက်အပံ့ ပေးနိုင်ရန် အတွက် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး ဘဏ်
တစ်ခုကို ပြည်တွင်း၌ တည်ထောင်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားခဲ့သည်။
အဆိုပါဘဏ်ကို တည်ထောင်နိုင်ရန် အတွက်
အရင်းအနှီးနှင့် ငွေကြေး ရန်ပုံငွေများ ရရှိနိုင်စေရန် လိုအပ်သော
ဆောင်ရွက်ချက်များ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်မှ
ခွင့်ပြုချက် ရရှိ ထားပြီး ဖြစ်ကြောင်း၊ ရှေးဦးစွာ အများနှင့် သက်ဆိုင်သော
ကုမ္ပဏီ တစ်ခု ဖွဲ့စည်း တည်ထောင်ကာ အရင်းအနှီးများ ဖိတ်ခေါ်ခြင်း၊
အစုရှယ်ယာများ ရောင်းချခြင်း၊ ရန်ပုံငွေ ရှာဖွေရေး အတွက် မြန်မာ့ခရီးသွား
လုပ်ငန်းနှင့် ပတ်သက်သော ပြပွဲများ ကို ပြည်တွင်း၌ ကျင်းပသကဲ့သို့
နိုင်ငံတကာ ခရီးသွား လုပ်ငန်းပြပွဲများတွင် ပါဝင်ပြသခြင်း တို့ကို
လုပ်ဆောင်ပြီးနောက် သက်ဆိုင်ရာမှ ခွင့်ပြုချက် အဆင့်ဆင့် ရယူကာ ခရီးသွား
လုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သိရသည်။
No comments:
Post a Comment