Thursday, May 22, 2014

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ရွှေဘိုခရိုင်အတွင်း ရှိ ရွှေဘို၊ ရေဦးနှင့် တန့်ဆည် မြို့နယ်များမှ မြို့နယ်ပါတီ ကော်မတီ ၀င်များနှင့် တွေ့ဆုံ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသ ကြီးတာဝန်ခံ) သူရဦးအေးမြင့်သည် မေလ(၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည် မြို့နယ်ပါတီရုံးများသို့ သွားရောက်ပြီး ပါတီကော်မတီဝင် များနှင့်တွေ့ဆုံ၍ ပါတီစည်းရုံးရေး ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးသည်။

အဆိုပါတွေ့ဆုံပွဲများသို့ စစ်ကိုင်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဒေါက်တာ ၀င်းမြင့်အောင် (ဗဟိုကော်မတီဝင်)၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် များဖြစ်ကြသော ဦးအောင်ဇော်ဦး (တိုင်းဒေသကြီး လမ်းပမ်းဆက်သွယ်ရေး ၀န်ကြီး)၊ ဦးမင်းမင်းဇေယျာမြင့် (ဗဟိုကော်မတီဝင်)နှင့် ရွှေဘို ခရိုင်နှင့် သက်ဆိုင်ရာ ရွှေဘို၊ ရေဦး၊ တန့်ဆည်မြို့နယ်များမှ ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။


တွေ့ဆုံပွဲတွင် ရွှေဘိုခရိုင်နှင့် သက်ဆိုင်ရာ ပါတီကော်မတီဝင်များမှ မိမိတို့ စည်းရုံးရေး နယ်မြေ အလိုက် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပါတီဒုတိယဥက္ကဋ္ဌသို့ တင်ပြ ဆွေးနွေးခဲ့ကြကြောင်းနှင့် ပါတီဒုတိယဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်ဆည်းဆွေးနွေး ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top