Friday, May 23, 2014

ၾသစေၾတးလ် အသင်းခေါင်းဆောင်အဖြစ် ဂျီဒီနက် ခန့်အပ်






ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ ဂျီဒီနက်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် သြစတြေးလျ လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ဗုဒ္ဓဟူးနေ့က တာဝန်ပေးခြင်း ခံရပါတယ်။ သြစတြေးလျ လက်ရွေးစင် အသင်းနည်းပြ ပိုစတီကိုဂလူးဟာ သူ့ကိုအက်ကွေဒေါနဲ့ ခြေစမ်းပွဲတုန်းက အသင်းခေါင်းဆောင် တာဝန်ပေးခဲ့ ပါသေးတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက်တော့ အခုမှ အသင်းခေါင်းဆောင် တာဝန်ကို အတည်ပြု လွှဲပေးခဲ့တာပါ။ သူမတိုင်ခင် သြစတြေးလျ အသင်းကို ဦးဆောင်ခဲ့သူကတော့ ဘလက်ဘန်း နောက်ခံလူဟောင်း လူကပ်စ်နေးလ် ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က မဲလ်ဘုန်းမြို့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်မှာ ဂျီဒီနက်က ’’ကျွန်တော့်အတွက် ဂုဏ်ယူစရာ အကောင်းဆုံး ဆုလာဘ်တစ်ခုကို ပေးအပ်ခံရတယ်လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် အနာဂတ် စိန်ခေါ်မှုတွေကို အကောင်းဆုံး ရင်ဆိုင်ဖို့ ကြိုးစားသွားမှာပါ’’လို့ ပြောပါတယ်။ အသက်(၂၉)နှစ် အရွယ်ရှိ ဂျီဒီနက်ဟာ ပြီးခဲ့တဲ့ရာသီက ခရစ္စတယ်ပဲလေ့စ် အသင်းမှာ ပရီးမီယားလိဂ် (၃၈)ပွဲစလုံး ပါဝင်ကစားခွင့်ရသူ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top