ဗဟိုအသိအမှတ်ပြု ပြည်ခိုင်ဖြိုးပါတီဝင် ကတ်ပြားပေးအပ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့နယ်ခွဲ ဆင်မကျေးရွာ အုပ်စု ညောင်အုပ် ကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ဆင်မကျေးရွာတို့မှ ရွာသူ ရွာသားများသည် ရပ်ကျိုးရွာကျိုး ဆောင် ရွက်နေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် သက်ဝင် ယုံကြည်မှုရှိပြီး ပါတီဝင် အဖြစ် လျှောက်ထားခဲ့ရာ ဗဟိုပါတီမှ ပါတီဝင်အဖြစ် အသိအမှတ်ပြု ပါတီဝင် ကတ်ပြား ပါတီဝင်များ သို့ ပြန်လည်ပေးအပ်ပွဲကို ဆင်မကျေးရွာရှိ ရပ်/ကျေး ပြည်ခိုင်ဖြိုး ပါတီ စည်းရုံးရေးမှူး ဦးစောဟန်ဝင်း ၏ နေအိမ်တွင် မေလ (၁၈) ရက် နံနက် (၉) နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးကိုကိုလတ် (ငွေဆောင် တိုက်နယ် တာဝန်ခံ) က ဗဟိုအသိအမှတ်ပြု ပါတီဝင်ကတ် ၇၅ ကတ်အား ရပ်/ကျေး ပါတီဝင်များရှေ့တွင် ဆင်မကျေးရွာ အုပ်စု စည်းရုံးရေးမှူး ဦးစောဟန်ထံ ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ရပ်/ကျေး စည်းမှူးနှင့် ကျေးရွာခွဲများမှ ရပ်/ကျေး ပါတီဝင် များ၊ ရပ်မိရပ်ဖများ စုစုပေါင်း ၆၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment