ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေးသင်တန်း အမှတ်စဉ် (၁) သင်တန်း ဖွင့်ပွဲကျင်းပ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ မဟာ ဗျူဟာဖော်ဆောင်ရေး သင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် သင်တန်းခန်းမ တွင် မေလ (၅) ရက် နံနက်(၈) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းမှ သင်တန်းဖွင့် အမှာ စကားပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော သူရဦးအေးမြင့်၊ ဦးဌေးဦး၊ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်နှင့် ဗဟိုအလုပ်အမှုဆောင် များ၊ ပါတီဌာနချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြာင်း သိရှိရသည်။




No comments:
Post a Comment