Monday, May 26, 2014

မန္တလေးသွားပြီး လူပျိုလှည့်မယ့် ဘန်နီဖြိုး

ဒုတိယတစ်ကိုယ်တော် စီးရီး‘လူပျိုလှည့်တေး’ သီချင်းအမ် တီဗီကို မေလ ၂၈ရက်တွင် မန္တ လေးမြို့၌ သွားရောက်ရိုက်ကူး မည်ဖြစ်ပြီး ယင်းနေ့ ညနေတွင်အ ခမဲ့ဖျော်ဖြေပွဲအငယ်စားတစ်ခု လည်း ပြုလုပ်ရန် အစီအစဉ်ရှိ ကြောင်း ဘန်နီဖြိုးကပြောသည်။
‘‘လူပျိုလှည့်တေး သီချင်းကို ရိုက်မှာပါ။ ထူးထူးခြားခြားရိုက်ဖို့ လည်း စီစဉ်ထားပါတယ်။ ဘယ် လိုပုံစံ ထူးထူးခြားခြားရိုက်မယ်ဆို တာကိုတော့ အဲဒီနေ့မှာ ကျွန်တော်ဖေ့စ်ဘွတ်ခ်ကနေ တင်ပေး သွားပါမယ်’’ဟု ဘန်နီဖြိုးကပြော သည်။
ထို့အပြင် ဖျော်ဖြေပွဲအသေး စားပြုလုပ်မည့် အစီအစဉ်အသေး စိတ်ကိုလည်း မေလ ၂၈ရက် တွင် ဖေ့စ်ဘွတ်ခ်မှ ကြေညာပေးသွား မည်ဖြစ်ပြီး အခမဲ့ဖျော်ဖြေပွဲဖြစ် ကာ ရိုက်ကူးရေး အတွက် ပြုလုပ် ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
အနုပညာလှုပ်ရှားမှုအနေ ဖြင့် ကိကိနှင့်တွဲကာDUO ဟု အ မည်ပေးထားသည့် တေးစီးရီးတစ် ခု စီစဉ်နေပြီး ဇွန်လကုန်တွင် ထွက်ရှိနိုင်ရန်   ကြိုးစားနေကြောင်း ဘန်နီဖြိုးကပြောသည်။
 ‘‘ကျွန်တော်ကလည်းတတိယ အခွေအတွက်လုပ်နေတယ်။ ကိ ကိကလည်း မပြန်ခင်အခွေထုတ် ဖို့လုပ်နေတဲ့အချိန်၊ သူကလည်း ပြန်ရတော့မှာဆိုတော့ အစီအစဉ် မရှိဘဲ နှစ်ယောက်ပေါင်းပြီး ရှိပြီး သားသီချင်းတွေနဲ့ပဲ အမြန်လုပ် ဖြစ်တာ။ ကိကိက ဇူလိုင်လဆန်း မှာ ပြန်မှာဆိုတော့ ဇွန်လကုန်မှာ ထွက်ပါလိမ့်မယ်’’ဟု ၎င်းကပြော သည်။ ယင်းသီချင်းခွေတွင် ၎င်းတို့ နှစ်ဦးရေးစပ်ထားသည့် သီချင်း များသာ ပါဝင်မည်ဖြစ်ပြီး တစ် ယောက်သီချင်းငါးပုဒ်စီ သီဆို မည်ဖြစ်ကာ သီချင်းအချောသီဆို ရန်သာ ကျန်ရှိတော့ကြောင်းဘန် နီဖြိုးကပြောသည်။
‘‘ဒီအခွေက အဓိက Theme  က ဟစ်ဟော့ပ်တော့ပိုဆန်သွား မယ်။ ကျွန်တော်ဘက်မှာဆိုရင် ဟစ်ဟော့ပ် ဆန်တဲ့ ပုံစံတွေပါလာ မယ်’’ဟု ၎င်းကပြောသည်။
ရန်ကုန်ပရိသတ်နှင်မတွေ့ ဆုံသည်မှာ ကြာပြီဖြစ်ပြီး မေလ ၃၁ ရက် တွင် ပြုလုပ်မည့် ဟစ် ဟော့ပ်ဖျော်ဖြေပွဲ ၌  ဖျော်ဖြေနေကျသီချင်းများအပြင် လူပျိုလှည့် တေးစီးရီးထဲမှ သီချင်းများလည်း သီဆိုသွားမည်ဖြစ်ကြောင်း ဘန်နီ ဖြိုးကပြောသည်။

No comments:

Post a Comment

back to top