ပုသိမ်ညွန့် ပြည်ခိုင်ဖြိုးပါတီရုံးသစ်နှင့် စာကြည့်တိုက်ဖွင့်
တာမွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်၍ ပုသိမ်ညွန့်ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီရုံးသစ်ဖွင့်ပွဲနှင့် စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို မေလ ၂၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ ၀င်းဆွေ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမင်း၊ မြို့နယ် ဖွံ့ဖြိုးရေးအထောက်အကူ ပြုကော်မတီ အတွင်းရေးမှူး ဦးဘုန်းမြင့်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း၊ ရပ်ကွက် အထောက် အကူပြု ဥက္ကဋ္ဌ ဦးမောင်မြင့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အခမ်းအနားသို့ ရပ်ကွက်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ အဖွဲ့ဝင် များ၊ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးနှင့် အမှုဆောင်များ တက်ရောက်ကြပြီး ရပ်ကွက် မိခင်နှင့်ကလေး၊ အမျိုးသမီး ရေးရာအဖွဲ့တို့က ရုံးခန်းရရှိရေးအတွက် အကူအညီတောင်ခံကြရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment