ဆွန်ဂါနဲ့ အစ်နာတို့ မက်ဒရစ် အိုးပင်းမှာ အနိုင်ရတဲ့ သတင်း

မက်ဒရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ပြင်သစ်တင်းနစ်သမား ဆွန်ဂါနဲ့ အမေရိကန် တင်းနစ်သမား ဂျွန်အစ်နာတို့ဟာ (၃၂)ဦးအဆင့်ကို တက်ရောက် သွားပါတယ်။ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ တနင်္လာနေ့က ကစားတဲ့ (၆၄)ဦး အဆင့်ပွဲစဉ်မှာ ဆွန်ဂါက သူ့လိုပဲ ပြင်သစ်နိုင်ငံသားပဲဖြစ်တဲ့ အက်ဒွပ်ရော်ဂျာဗက်ဆီလင်းကို (၆း၃၊၄း၆၊၆း၃)နဲ့ အနိုင်ရပါတယ်။ ဆီဒင်အဆင့်(၉)ရှိတဲ့ အစ်နာကတော့ ရုရှားတင်းနစ်သမား တေမူရက်ဂါဘက်ရှ်ဗီလီကို (၇း၆၊၆း၎)နဲ့ အနိုင်ရပါတယ်။ စပိန်တင်းနစ်သမား နာဒယ်နဲ့ ဗြိတိန်တင်းနစ်သမား အင်ဒီမာရေးတို့လို ထိပ်တန်း စာရင်းဝင်တွေက (၃၂)ဦး အဆင့်ကနေ စတင်ယှဉ်ပြိုင်ရမှာပါ။
No comments:
Post a Comment