အာဖရိကနိုင်ငံများနှင့် အကျိုးတူ ပူးပေါင်းမည်ဟု တရုတ်ဝန်ကြီး ချုပ်ပြောကြား
တရုတ်ဝန်ကြီးချုပ်
လီခကျန်းက ယနေ့တွင် စတင်လိုက်သော အာဖရိကနိုင်ငံများသို့ သွားရောက်မည့်
ချစ်ကြည်ရေးခရီးစဉ်အတွင်း အကျိုးတူပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်
စီစဉ်ထားသည်ဟု ပြောကြား ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အာဖရိကဒေသ
ကြည်ချစ်ရေးခရီးစဉ်မှာ ရှစ်ရက်ကြာမြင့်မည်ဖြစ်ပြီး အီသီယိုးပီးယား၊
နိုင်ဂျီးရီးယား၊ အန်ဂိုလာနှင့် ကင်ညာနိုင်ငံများသို့ သွားရောက် မည်ဖြစ်သည်။
ဆင်ဟွာသတင်းဌာန၏
ဖော်ပြချက်အရ လီခကျန်း၏ ခရီးစဉ်အတွင်း တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရန်
အားယူနေသည့် အာဖရိကနိုင်ငံများနှင့် နှစ်နိုင်ငံအကျိုးတူပူးပေါင်းမှု စာချုပ်များ
ချုပ်ဆိုရန် စီစဉ်ထားပြီး လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ မီးရထားလမ်းဖောက်လုပ်ရေးကဏ္ဍ၊
လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍများတွင်
ပူးတွဲဆောင်ရွက်မည့် သဘောတူညီမှုစာချုပ်များ ချုပ်ဆိုမည်ဟု သိရသည်။ တရုတ်အစိုးရမှ
ထုတ်ပြန်သောသတင်းထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး
ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ကြောင်း၊ အာဖရိကတိုသည် ဖွံ့ဖြိုးဆဲနိုင်ငံအများစု
တည်ရှိနေသည့် ဒေသဖြစ်ကြောင်း၊ အဆိုပါ အခြေအနေများကြောင့် တရုတ်နိုင်ငံနှင့်
အာဖရိကနိုင်ငံများ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်းသည်
အကျိုးများစေမည့် ဆောင်ရွက်မှု မျိုးဖြစ်ဖွယ်ရှိကြောင်း၊ ခေတ်မီသည့်
ပူးပေါင်းမှုမျိုးပြုလုပ်ရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။
လီခကျန်းက
အာဖရိကခရီးစဉ်အတွင်း၌ အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်ရေးနှင့်
နှစ်ဖက်လုံး အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် ရန် သေချာကြောင်း၊
အာဖရိကနိုင်ငံများနှင့် အကျိုးတူ ပူးပေါင်းမည့် အစီအစဉ်ကို
စီးပွားရေးအင်အားကြီးမားမှုကို အခွင့်ကောင်းယူကာ အမြတ်ထုတ်ရန် ရည်ရွယ်သော
ခေတ်သစ်နယ်ချဲ့မှု နည်းလမ်းမျိုးဖြစ်သည်ဆိုသော ဝေဖန်နေမှုများမှာ
မှားယွင်းကြောင်းပြောသည်။
No comments:
Post a Comment