Friday, May 23, 2014

ပင်လယ်ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်ပြီး နိုင်ငံ တကာ ထောက်ခံမှုကို ရယူတော့မည့် ဗီယက်နမ်

ဗီယက်နမ်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ ပင်လယ်ရေပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နိုင်ငံ တကာရဲ့ ထောက်ခံမှုကို ရယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဗီယက်နမ် ဒုတိယသမ္မတ " ငုရင်သီဒေါန် " က တရုတ်နိုင်ငံမှာ အင်္ဂါနေ့က စတင်ကျင်းပတဲ့ နိုင်ငံတကာညီလာခံကို တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံကို ရောက်ရှိနေပြီး တောင်တရုတ် ပင်လယ်အရေးနဲ့ ပတ်သက်ပြီးနိုင်ငံ တကာရဲ့ ထောက်ခံ မှုကို တောင်းဆိုသွားနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။
 
ဗီယက်နမ်ဝန်ကြီးချုပ်  " ငုရင်တန်ဒေါင် " ကတော့ ဗုဒ္ဓဟူးနေ့မှာ ဖိလစ်ပိုင်နိုင်ငံကို သွားရောက် မှာဖြစ်ပါတယ်။ ဗီယက်နမ်နဲ့ ဖီလစ်ပိုင်နိုင်ငံတို့ဟာ တရုတ်နိုင်ငံနဲ့ ပင်လယ်ရေ ပိုင်နက် အငြင်း ပွားမှု ဖြစ်ပွားနေတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ အငြင်းပွားရေပိုင်နက်အတွင်း တရုတ်နိုင်ငံ က ရေနံတူးစင်တည်ဆောက်ကတည်းက တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံ အာဏာပိုင်တွေ လိုက်ပါတဲ့ သင်္ဘောတွေဟာ အငြင်းပွားရေပိုင်အနီးမှာ အသင့်အနေအထားနဲ့ ရှိနေကြတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် နယ်မြေအငြင်းပွားနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ တရုတ်ဆန့်ကျင်ရေး လူထုအုံကြွမှု ဗီယက်နမ်မြို့ မှာပြီးခဲ့တဲ့ တစ်ပတ်ကဖြစ်ပွားခဲ့တာကြောင့် တရုတ်အစိုးရက နိုင်ငံသားတွေကို ဗီယက်နမ်နိုင်ငံကို မသွားကြဖို့ သတင်းထုတ်ပြန်ထားပါသည်။

No comments:

Post a Comment

back to top