မိုနာကိုမှာ ဆက်လက် အနိုင်ရဖို့ မာစီးဒီးအသင်း ရည်မှန်းထား

မိုနာကိုမှာ တနင်္ဂနွေနေ့ ကျင်းပမယ့် ဖော်မြူလာဝမ်း ဂရင်းပရီပြိုင်ပွဲမှာ ဆက်လက် အနိုင်ရဖို့ မာစီးဒီးအသင်း မျှော်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ဖော်မြူလာဝမ်း ပြိုင်ပွဲ(၄)ပွဲလုံးမှာ မာစီဒီးအသင်း ဒရိုင်ဗာတွေဖြစ်တဲ့ လူးဝစ်ဟာမီတန်နဲ့ နီကိုရော့စ်ဘတ်တို့ကပဲ ပထမနဲ့ ဒုတိယ ရခဲ့ပါတယ်။ ဒါကြောင့် မိုနာကိုမှာလည်းပဲ မာစီဒီးအသင်း ဆက်လက် အနိုင်ယူပြီး ရာသီအဖွင့် ပထမ(၅)ပွဲကို လွှမ်းမိုးနိုင်ဖို့ မျှော်မှန်းနေတာ ဖြစ်ပါတယ်။ အဲဒီလို ရာသီအစမှာ အသင်းတစ်သင်းတည်းက (၅)ပွဲဆက် အနိုင်ရတာဟာ ဖော်မြူလာဝမ်း သမိုင်းမှာ (၃)ကြိမ်ရှိခဲ့ပါတယ်။ (၂၀၀၄)ခုနှစ်မှာ ဖာရာရီအသင်းနဲ့ (၁၉၉၆)နဲ့ (၁၉၉၂)ခုနှစ်တို့မှာ ၀ီလျံအသင်းတို့က (၅)ကြိမ်ဆက် အနိုင်ရခဲ့ပါတယ်။ မာစီဒီးအသင်းဒရိုင်ဗာ နီကိုရော့စ်ဘတ်က "ကျွန်တော့် အတွက်တော့ အင်မတန် ထူးခြားတဲ့ အတွေ့အကြုံပါ။ မိုနာကိုက ကျွန်တော့်အိမ်ပါ။ ကျွန်တော် ကြီးပြင်းခဲ့တဲ့ နေရာပါ။ ကျွန်တော့်ဘ၀ တစ်ခုလုံး မိုနာကိုဝန်းကျင်မှာ အခြေပြုခဲ့တာပါ။ ဒါကြောင့် ဒီပွဲမှာ အနိုင်ရရင်တော့ ကျွန်တော့်အတွက် အကြီးမားဆုံး အောင်ပွဲဖြစ်မှာပါ။ နောက်ပြီး ဒီမိုနာကိုပြိုင်ပွဲကလည်း ပြိုင်ရတာ အခက်ဆုံးနဲ့ ဂုဏ်သိက္ခာအရ အမြင့်ဆုံး ပြိုင်ပွဲဖြစ်လို့ အနိုင်ရချင်တာပါ"လို့ ပြောပါတယ်။
No comments:
Post a Comment