Friday, May 23, 2014

ပြည်တွင်း မငြိမ်သက်မှု ရှိနေပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့် လစ်ဗျားနိုင်ငံ

လစ်ဗျားနိုင်ငံ၊ မြို့တော်ထရီပိုလီမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် ပါလီမန်ရွေးကောက်ပွဲ ကို လာမယ့် ဇွန်လ(၂၅)ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ လစ်ဗျားနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
 
ပြည်တွင်းစစ်ဖြစ်ပွားနိုင်မယ့် အသွင်ဆောင်နေပြီဆိုတဲ့ ခန့်မှန်းချက်တွေရှိနေတဲ့အပြင် နိုင်ငံတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် ပါလီမန်ရွေးကောက်ပွဲကို လာမယ့်ဇွန်လ(၂၅)ရက် နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ လစ်ဗျားနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားပါတယ်။ လစ်ဗျား အစိုးရဟာ ဒီနှစ်ဘတ်ဂျက်ဆိုင်ရာ မဲပေးမှုအပြီးမှာ ပါလီမန်ကိုရပ်နားဖို့ တောင်းဆိုဖူး ပါတယ်။ လစ်ဗျားနိုင်ငံ ဟာ (၂၀၁၁)ခုနှစ်မှာ အာဏာရှင် မွာမာဂဒါဖီကို ဖြုတ်ချပြီး (၂၀၁၂)ခုနှစ်မှာ နိုင်ငံရဲ့ ပထမဦး ဆုံး ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။
 
ရွေးကောက်ပွဲမှာ စီကူလာပါတီက အနိုင်ရရှိခဲ့ပြီး ပါလီမန်အမတ်(၂၀၀)ပါဝင်တဲ့ အမျိုးသားအထွေထွေ ညီလာခံကို ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီး " ဟတ်ဖ်တာ " ပါဝင်တဲ့ စစ်ဝန်ထမ်းတွေရဲ့ နိုင်ငံတွင်း အာဏာလုတိုက်ပွဲတွေကြောင့် အသစ်ရေးဆွဲမယ့် နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ မရေး ဆွဲနိုင်သေးတဲ့ အခြေအနေမှာရှိနေပြီး ၀န်ကြီးချုပ် အပြောင်းအလဲဟာလည်း ပြီးခဲ့တဲ့ မတ်လကတည်းကဆိုရင် (၃)ယောက်မြောက် ဖြစ်သွားပါသည်။

No comments:

Post a Comment

back to top