Friday, May 9, 2014

သီယန်၊ နယ်ဒယ်နဲ့ ဘာဒစ်တို့ တတိယအဆင့် တက်ရောက်တဲ့ သတင်း


စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဗုဒ္ဒဟူးနေ့က ကစားတဲ့ မက်ဒရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ သြစတြေးလျ တင်းနစ်သမား သီယန်၊ ကမ္ဘာ့နံပါတ်(၁) နာဒယ်နဲ့ ချက်တင်းနစ်သမား တိုမတ်ဘာဒစ်တို့ တတိယအဆင့် တက်ရောက် သွားပါတယ်။ အမျိုးသားတစ်ဦးချင်း ဒုတိယအဆင့်မှာ ဒိုမီနစ်သီယန်က ဆွစ်တင်းနစ်သမား ဝေါ်ရင်ကာကို (၁း၆၊၆း၂၊၆း၎)နဲ့ အနိုင်ရပါတယ်။ နောက်တစ်ပွဲမှာတော့ ဆီဒင်အဆင့်(၆)ရ ချက်တင်းနစ်သမား တိုမတ်ဘာဒစ်က တောင်အာဖရိက တင်းနစ်သမား ကီဗင်အန်ဒါဆင်ကို (၆း၁၊၆း၎)နဲ့ အနိုင်ရပါတယ်။ စပိန်တင်းနစ်သမား နာဒယ်ကတော့ အာဂျင်တီးနား တင်းနစ်သမား ဂျူအန်မိုနာကို,ကို (၆း၁၊၆းဝ)နဲ့ အနိုင်ရပါတယ်။ နာဒယ်ဟာ ဒီမက်ဒရစ်အိုးပင်းမှာ ချန်ပီယံဆုကို (၄)ကြိမ်မြောက်ရဖို့ မျှော်လင့်ထားပါတယ်။

No comments:

Post a Comment

back to top