အလုပ်ကြိုးစားလို့ ဘရာဇီး အသင်းမှာ ရွေးခံရတာပါလို့ တိုက်စစ်မှူး ဖရက်ဒ် ပြောတဲ့ သတင်း
ဘရာဇီးတိုက်စစ်မှူး ဖရက်ဒ်က ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် လက်ရွေးစင် ကစားသမား စာရင်းထဲ သူရွေးချယ်ခံရတာဟာ ကြိုးစားအားထုတ်မှုကြောင့်လို့ ဗုဒ္ဓဟူးနေ့က အင်တာဗျူး တစ်ရပ်မှာ ပြောသွားပါတယ်။ ဘရာဇီးလက်ရွေးစင် အသင်းနည်းပြ စကိုလာရီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပဏာမ လက်ရွေးစင်(၂၃)ယောက် စာရင်းကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာပါတယ်။ အဲဒီစာရင်းထဲ ဖရက်ဒ်နဲ့အတူ ချဲလ်ဆီးမှ ရာမီးရက်စ်၊ အော်စကာ၊ ဒေးဗစ်လူးဝစ်၊ ၀ီလျံစတဲ့ ကစားသမားတွေလည်း ပါဝင်ပါတယ်။ ဖရက်ဒ်ဟာ လတ်တလော ဖလူမီးနီးစ်အသင်းမှာ ကစားနေပြီး ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းကတော့ အရွေးမခံခဲ့ရပါဘူး။ သူက ’’လွန်ခဲ့တဲ့ (၄)နှစ်လောက်ကတည်းက ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့ အာရုံစိုက်ခဲ့ပါတယ်။ ကိုယ့်ကိုကိုယ်လည်း ငါဒီအချိန်ကစပြီး ကြိုးစားမှ ဖြစ်မယ်လို့ အမြဲသတိပေးလေ့ ရှိပါတယ်။ ဒီလို အာရုံစိုက်ခဲ့တဲ့အတွက် လိုချင်တဲ့ ပန်းတိုင်တစ်ရပ်ကို အရောက် လှမ်းနိုင်တာပါ’’လို့ ပြောပါတယ်။ ဘရာဇီးအသင်းဟာ မေလ(၂၆)ရက်နေ့မှာ စတင်စခန်းသွင်း လေ့ကျင့်မှာဖြစ်ပြီး ပနားမား၊ ဆားဘီးယားတို့နဲ့ ခြေစမ်းမှာ ဖြစ်ပါတယ်။
No comments:
Post a Comment