Friday, May 23, 2014

အရှေ့ပိုင်း ကွန်ဖရင့် ဗိုလ်လုပွဲမှာ မီယာမီဟိ အနိုင်ရ






အမေရိကန် ပြည်ထောင်စု အင်ဒီယာနာပြည်နယ် အင်ဒီယာနာပိုလစ်မြို့မှာ အင်္ဂါနေ့က ကစားတဲ့ NBAဘတ်စကက်ဘော ပြိုင်ပွဲမှာ မီယာမီဟိအသင်းက အင်ဒီယာနာပေဆာ အသင်းကို (၈၇)မှတ်(၈၃)မှတ်နဲ့ အနိုင်ရသွားပါတယ်။ သူတို့ပွဲက အရှေ့ပိုင်း ကွန်ဖရင့်ရဲ့ ဗိုလ်လုပွဲစဉ် (၂)ဖြစ်ပြီး Best of 7 ကစားရမှာ ဖြစ်ပါတယ်။ ပွဲစဉ်(၁)မှာ ပေဆာအသင်းက အနိုင်ရပြီး အခုပွဲမှာ မီယာမီဟိက ပြန်လည် အနိုင်ရလို့ (၁)ပွဲစီသရေ ဖြစ်နေပါတယ်။ အနိုင်ရသွားတဲ့ မီယာမီဟိ အသင်းအတွက် ဒွိုင်းဝါဒီက (၂၃)မှတ်နဲ့ အများဆုံး ရယူပေးခဲ့ပြီး လီဘရွန်ဂျိမ်းက (၂၂)မှတ်နဲ့ ဒုတိယအများဆုံး ရယူပေးခဲ့ပါတယ်။ သူတို့(၂)ယောက်ပေါင်းက (၄၅)မှတ် ယူပေးလို့ မိယာမီဟိရမှတ်ရဲ့ ထက်ဝက်နီးပါး ရှိပါတယ်။

No comments:

Post a Comment

back to top