Tuesday, May 6, 2014

တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ သီရိမင်္ဂလာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့ ပြည်ခိုင်ဖြိုးပါတီ၊ ရန်ကုန်တိုင်းကော်မတီဝင်/ တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိမ်းနှင့် ဇနီး ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ၊ တာမွေမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်ကော်မတီဝင်များ ရပ်ကွက်စည်းရုံးရေးမှူးနှင့် အမူဆောင်များ တို့သည် မေလ(၄)ရက်နေ့ ညနေ(၁၇း၃၀)အချိန်တွင် သီရိမင်္ဂလာ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ဆရာတော်ဘုရားကြီးအား သင်္ဃန်းနှင့် မိသားစုအလှူ (၅၀၀၀၀ိ- ငါးသောင်းကျပ်) တိတိနှင့် တာမွေမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ (၅၀၀၀၀ိ/-) တိတိ စုစုပေါင်း (၁၀၀၀၀၀ိ/-) ကိုပေးအပ်လှူဒါန်းခဲ့ကြပြီး အခက်ခဲဖြစ်နေသော ၎င်းဘုန်းတော်ကြီးသင် စာသင်ကျောင်းမှ ဆရာမ(၆)ဦး ၏ လစာရရှိရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

No comments:

Post a Comment

back to top