Tuesday, May 27, 2014

 ကျောင်းနေအရွယ်ကလေးတွေ အတွက် စာသင်ကျောင်းဆောက် လုပ်ပေးမယ့် သားဆိုး

တေးသံရှင်သားစိုးက မြန်မာချစ်သူဆိုတဲ့ ပရဟိတအဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး ကျောင်းနေအရွယ်ကလေးငယ် များအတွက် ပညာရေးအထောက်အပံ့များ ပေးလျက်ရှိတာဟာ ၄ နှစ်နီးပါးပင်ရှိပြီဖြစ်ပါတယ်။ ဒလမြို့နယ်မှာလည်း ကျောင်းနေအရွယ် ကလေးများအတွက်အလှူဒါနအဖြစ်နှစ် စဉ်လို ကျောင်းအပ်ခ နဲ့ ကျောင်းသုံး ပစ္စည်းများ လှူဒါန်းနေ သူလည်း ဖြစ်ပါတယ်။
 ဒီနှစ်အတွက်အစီအစဉ်ကိုကော ဘယ်လိုစီစဉ်ထားလဲဆိုတော့”ဒီနှစ်အတွက် အစီအစဉ်ကတော့ အတိအကျပြောလို့ မရသေးဘူး။ ဖြူဖြူကလည်း အမေရိကရောက်နေ တယ်။ ကျွန်တော်ကလည်း ထိုင်းသွားဖို့တွေ၊ အမေရိက သွား ဖို့တွေရှိ တယ်။ အဲဒါကတော့ ပိုးထည်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပြည်ပတွေနဲ့ပါ ချိတ်ဆက်ပြီးလုပ်ဖို့ပါ။ အဲဒီအတွက် ဒီနှစ်ကိုယ်တိုင်တော့ သွားမလှူဖြစ် ဘူး။ ငွေသား အနေ နဲ့တော့ လှူဖြစ်မှာပါ။ ဒီနှစ်က အချိန်ကပ်သွား တဲ့အတွက်ပါ။ နောက်နှစ်မှာတော့ မြေကွက်ဝယ်ပြီး ကျောင်းဆောက်လှူဒါန်းဖို့ ရည်ရွယ်ထားပါတယ်”  လို့ သားစိုး က ပြောပါတယ်။
“လောလောဆယ်တော့ မြေကွက်ရှာနေတယ်။ အရှေ့ဒဂုံဘက်မှာ လုပ်ဖို့စဉ်းစားထားတယ်။ နောက်နှစ်မှာ မဖြစ်မနေလုပ်ဖို့စဉ်းစားထားတယ်။ အခုလို ငွေသားချည်း လှူ တာမျိုး မဟုတ် ဘဲ ကလေးတွေ အတွက်လည်း သတ်သတ်မှတ်မှတ် ဖြစ်သွား အောင်ပေါ့။ အခုကျွန်တော် ဒီကျောင်းသား တွေ အပြင် ဂီတ မိတ်မှာ ဂီတကျောင်းထားပေး ထားတဲ့ ကလေးအတွက်လည်း သူမုန့်ရောင်းချင်တယ်ဆိုလို့ လှည်းတစ်စီး စိုက်ထုတ်ဝယ်ပေးထားတယ်။ နောက်လမ်းဘေး ရောက်နေတဲ့ တခြားကလေး တွေ အတွက် လည်းနိုင်သလောက်လုပ်သွားမှာပါ။ ဒီနှစ်ကတော့ ကျောင်းဝင်ကြေးကလည်း အခမဲ့ဖြစ်မယ်လို့ ကြားတော့ အရင်နှစ်က ဝယ်ပေးထားတဲ့ ကျောင်း ပစ္စည်းတွေ ကသူတို့ အတွက် အဆင်ပြေမှာပါ” လို့ သားစိုးက ပြောပါတယ်။
ကျောင်းသားဘဝမှာလည်း ပြည်ပမှာ ကျောင်းသွားတက်ခဲ့ဖူးတဲ့သားစိုးကို ပညာရေးစနစ်နဲ့ ပတ်သက်ပြီး လည်း ဆက်လက်မေးဖြစ်တော့ ” နိုင်ငံတကာမှာ က ပညာရေး အတွက်ဆို အခမဲ့ပဲ။ ဒါကတော့ အစိုးရတာဝန်ပေါ့။ ဒါပေမဲ့ အစိုးရကလည်း ဒီကိစ္စကို အလကားလုပ်ပေးလို့ မရဘူး။ ပြည်သူတွေဆီက အခွန်ကောက်ရမယ်။ အဲဒီေ တာ့ ပြည်သူကလည်း အခွန်မှန်မှန်ပေး၊ အစိုးရကလည်း အခွန်နဲ့ ပတ်သက်တဲ့ စည်းကမ်းကို သေချာထုတ်ပြီး သေချာတကယ်လုပ်ပေးလိုက်ရင် အဆင်ပြေမှာပါ” လို့ ပြော တဲ့ သားစိုးက သူ့သား ပန်းသီးလေးကိုတော့ ကျောင်းနေဖို့ သင့်တော်တဲ့အရွယ် ၅ နှစ်ဝန်းကျင်မှာ မှကျောင်းစထားမှာ ဖြစ်ပြီး ၁ဝနှစ်၊ ၁၅ နှစ်အရွယ် မှာ တော့ ပြည် ပမှာ ကျောင်းသွားထားဖြစ် မှာ ဖြစ်တယ်လို့ သိရပါ တယ်။
”ငယ်စဉ်ကနေ နည်းနည်း အရွယ်ရောက်တဲ့ အထိတော့ မြန်မာပြည်မှာ မြန်မာစာ ကို သေချာ သင်မယ်။ နို့မို့ဆို နည်း နည်းအာရုံနောက်တဲ့ ကလေး ဖြစ်သွားမှာစိုးလို့။ အရွ ယ်ရောက် လာရင်တော့ သူ့ကို ပြည်ပမှာ ကျောင်းတက်ခိုင်းဖို့ စဉ်းစားထားပါတယ်” လို့ သားစိုးကပြောပါတယ်။

No comments:

Post a Comment

back to top