Friday, May 9, 2014

ပထမဆုံးရုပ်ရှင်ကားကို အများကြီးမျှော်လင့်မထားတဲ့ နေဒွေး

လွန်ခဲ့သည့် ၂ နှစ်ကျော် က ပထမဆုံးရုပ်ရှင် ရိုက်ကူးခဲ့ ပြီး မကြာမီရုံတင်တော့မည် ခိုးခိုး ခစ်ခစ်ရုပ်ရှင် ကားကြီး၌ တစ်ရပ် ကွက်လုံးလိုက်မွှေသည့် ဓာတ်ခဲဇာတ်ရုပ်ဖြင့် အတတ်နိုင်ဆုံး ကြိုးစားသရုပ်ဆောင် ထားသော် လည်း အများကြီးမျှော်လင့် မထားကြောင်း နေဒွေးကပြော သည်။
‘‘အဲဒီဇာတ်ကားရိုက်တဲ့ အချိန်တုန်းက ရှေ့မှာ ဗီဒီယိုနှစ် ကားလောက်ပဲ   ရိုက်ဖူးသေး တယ်။ ဒီဇာတ်ကား ကလည်း ရုပ် ရှင်အနေနဲ့ တန်းရိုက်တာမဟုတ် ဘဲ ကင်မရာနဲ့ ရိုက်ပြီး ပြန်ပြောင်း ထားတာဆိုတော့ အရမ်းကြီးအ ခက်အခဲတော့ မရှိခဲ့ပါဘူး။ ကာ ရိုက်တာပီပြင်အောင်တော့ အ တတ်နိုင်ဆုံး သရုပ်ဆောင် ထားပါ တယ်။ ဒီကားနဲ့ ပတ်သက်ပြီး အ ရမ်းတော့ မမျှော်လင့်ထားပါဘူး’’ ဟု ၎င်းကပြောသည်။
ယင်းရုပ်ရုင်ကားတွင် မင်းမော် ကွန်း၊ နေဆန်း၊ စိုးပြည့်သဇင်၊ဆုပန်ထွာ၊ ဇင်ဝိုင်း၊ ရဲအောင်၊ မေသဉ္ဇာဦးတို့နှင့်တွဲဖက်သရုပ် ဆောင်ထားကာ စာရေးဆရာ မင်းလူ၏ ၀တ္ထုကို ဒါရိုက်တာ ဥက္ကာဗိုက ရိုက်ကူးထားပြီး မေလ၂၃ ရက်တွင် ရန်ကုန်မြို့၌ စတင်၍ ရုံတင်ပြသမည်ဖြစ်သည်။
ရုပ်ရှင်ကားတွင် ပါဝင်သရုပ် ဆောင်ထားသည့် ဇာတ်ရုပ်ကို ကိုယ်တိုင်မကြည့်ရသေးသော ကြောင့် သရုပ်ဆောင်မှုနှင့် ပတ် သက်၍ မပြောနိုင်သော်လည်း လွန်ခဲ့သည့် ၂ နှစ်ခွဲခန့်က ရိုက်ကူး ခဲ့ခြင်းဖြစ်သောကြောင့် သရုပ် ဆောင်ပိုင်းတွင် ယခုရိုက်ကူးနေရ သည့် ဇာတ်ကားများလောက် ကောင်း မည်မဟုတ်ကြောင်း ၎င်း ကဆိုသည်။
ဧပြီလကုန်က ခေါင်းဆောင် အဖြစ် ရိုက်ကူးထားသော ဗီဒီယို ဇာတ်ကားတစ်ကားစတင် ဖြန့်ချိခဲ့ပြီး  ယခုနောက်ပိုင်းရိုက်ကူးသည့် ဗီဒီယိုဇာတ်ကားများတွင် ခေါင်း ဆောင်အဖြစ် ရိုက်ကူးကာ မေလလယ်တွင် ကလောမြို့၌ ဗီဒီယိုဇာတ်ကားသုံးကား  သွားရောက် ရိုက်ကူးမည်ဖြစ်ကြောင်း နေဒွေး ကပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ဒါရိုက်တာညိုမင်းလွင်၏ ည အော်သံဇာတ်ကားရိုက်ကူးထား ကြောင်း ဇာတ်ကားများရိုက်ကူးရာတွင်လည်း ကိုယ်တိုင်ပါဝင်ရမည့်ဇာတ်ရုပ်အပေါ် ပရိသတ်နေရာမှ ခံစား၍ ရွေးချယ်ရိုက်ကူးကြောင်း နေဒွေးကပြောသည်။

 

No comments:

Post a Comment

back to top