Monday, May 12, 2014

ပြင်ဦးလွင်ရောက် အမှတ်တရများနဲ့ ပြေတီဦး  

ပြေတီဦး က “၃၇ မင်း” ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ မီးပွား၊ ချစ်သုဝေ တို့နဲ့ ရိုက်ကူးနေ ပါတယ်။ ပြင်ဦးလွင်မှာ ဇာတ်ကား ၆ ကား ရိုက်ကူးခဲ့ မှာဖြစ်ပြီး ၃ ကားမြောက် ရိုက်ကူးနေတာ လို့လည်း သိရပါ တယ်။ ပြင်ဦးလွင် ရိုက်ကူးမှုတွေ နဲ့ ပတ်သက်ပြီးလည်း .. “ဇာတ်ကားကတော့ ဟာသ အဓိက ဦးစားပေးဇာတ်ပါပဲ။ 
ဒီကားထဲမှာ အစ်ကိုက သတင်းထောက် အနေနဲ့ သရုပ်ဆောင်ရ တာ။ အခု ပြင်ဦးလွင် မှာက ၆ ကား ရိုက်ရမှာ။ ဒီကားက ၃ ကား မြောက်ရိုက်နေ တာပေါ့။ ပြင်ဦးလွင်က ကားရိုက် အဆင်ပြေအောင် ဆောက် ထားတဲ့ မြို့လို့တောင် ပြောရမလို ဖြစ်နေတယ်။ ဘာပဲရိုက် ချင်၊ ရိုက်ချင် အစစ အရာရာ အားလုံးက အဆင်သင့်ဖြစ်တယ်။ ကားလည်း မကျပ်ဘူး။ ရန်ကုန်မှာဆို လိုချင်တာတွေ ရှိပေမယ့် တစ် နေရာကနေ တစ်နေရာ သွားဖို့က ကားလမ်းကျပ် တာ တော်တော် အခက်အခဲဖြစ်တယ်။ ပြင်ဦးလွင် ကတော့ လတ်တလောမှာ ကားရိုက်ရတာ အဆင်ပြေဆုံး မြို့တစ်မြို့ ပေါ့”လို့ ပြောပြပါတယ်။
နယ်မှာ ဇာတ်ကားတွေ ရိုက်ကူးတိုင်း အမြဲ ဇနီးဖြစ်သူ အူဝဲနဲ့ သမီး ပြေသုဒြာ တို့ပါလေ့ရှိကာ မိသားစု အမှတ်တရ လေးဖြစ်တယ်လို့ ပြောပြတဲ့ ပြေတီဦးက “အစ်ကိုတို့ အိမ်ထောင်ကျပြီး ကတည်းက အူဝဲက အမြဲပါတာ။  သမီးလည်း ပါတယ်။ နယ်မှာ ရိုက်နေတယ် ဆိုပေမယ့် တစ်မိသားစုလုံး အိမ်ပြောင်းသလို လာတော့ အစစ အရာရာ အဆင်ပြေပါတယ်။ မိသားစု လိုက် အပန်းဖြေ ထွက်သလို လည်း ဖြစ်တာပေါ့။ ကားရိုက်ပြီးလို့ ညနေဆို သမီးလေးက မြင်းလှည်း စီးချင်တော့ လိုက်စီးပေးရ တယ်။ သမီးက အဖေ နဲ့စီးရင် မြင်းလှည်းခေါင်မိုးပေါ် တက်စီးတာကို သဘောကျတယ်လေ။ အမှတ်တရပေါ့” လို့ ပြောပြပါတယ်။
ပြေတီဦးက ပြင်ဦးလွင် မှာ ဇာတ်ကား ရိုက်ပြီး ၆ လပိုင်း အကုန်လောက်မှာ ရန်ကုန်ကို ပြန်ရောက်မယ် လို့ ပြောပြပြီး ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ ရှိတယ် လို့ ပြောပြခဲ့ ပါ တယ်။

No comments:

Post a Comment

back to top