အဆိုတော် သုံးဦး အတူ တကွ ပါဝင် သရုပ် ဆောင်မည့် ဒရမ်မာ ဇာတ်ကား
အလုပ်အချိန်ဇယားတွေ ပြည့်နေကြတဲ့
NFINITE Boy Band ရဲ့ အဖွဲ့ဝင်နှစ်ဦး ဖြစ်တဲ့ Woo Hyun, Sung Yeol
နဲ့အတူ 4Minute Girl Band မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ Nam Jihyun တို့ဟာ KBS2 ဒရမ်မာဇာတ်ကားဖြစ်တဲ့ Hight School ဇာတ်ကားတွဲမှာ ပါဝင်မယ်လို့ သိရပါတယ်။ High School ဇာတ်
ကားဟာ စုစု ပေါင်း
အပိုင်း ၁၆ ပိုင်း ပါဝင်မှာဖြစ်ပြီး သူငယ်ချင်း ဆက်ဆံရေးနဲ့ အချစ်တို့ကို
ပေါင်းစပ်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။
ပြသမယ့်နေ့ရက်နဲ့ အချိန်ကိုတော့ အတိအကျ
ကြေညာထားခြင်း မရှိသေးပါဘူး။ Woo Hyun, Sung Yeol နဲ့ Nam Jihyun တို့ဟာ
တောင်ကိုရီးယား K Pop လောကမှာတော့ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တွေ
ဖြစ်ကြပါတယ်။ သီချင်းအဆို ကောင်းကြသလို သရုပ်ဆောင်မှုမှာလည်း ပြောင်မြောက်
ကြလိမ့်မယ်လို့ ပရိသတ်တွေကတော့ မျှော်လင့်ထားကြပါတယ်။

No comments:
Post a Comment