Thursday, May 8, 2014

ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေး


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဖျာပုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ အောင်သာယာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မေလ (၇) ရက်နေ့က ကျေးရွာပြည်သူများနှင့် တွေ့ဆုံပြီး ဒေသခံများ၏ တင်ပြချက် များအား ဆက်စပ်ဆောင်ရွက်ပေးပြီး မီးကြိုးလိုအပ်ချက် ငွေသုံးသိန်းအား လှူဒါန်းခဲ့ပါသည်။ 
ဆက်လက်၍ မှော်ဘီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာပြည်သူ များနှင့် တွေ့ဆုံပြီး မီးပြန်လည်လင်းရေးအား ဆောင်ရွက်ပေးခဲ့ကာ တက်ရောက်လာသည့် အသက် ၆၀ အထက် ဘိုးဘွား ၂၂ ဦးအား ငွေ တစ်သိန်း ကန်တော့ကာ ကျောင်းထိုင်ဆရာတော်များအား လှူဘွယ် ပစ္စည်းနှင့် ဝထ္ထုငွေများ ကပ်လှူခဲ့ပါသည်။


No comments:

Post a Comment

back to top