Wednesday, May 14, 2014

ရွှေဘိုလမ်း ကွန်ကရစ်လမ်းသစ်ခင်းရန် တာမွေပြည်ခိုင်ဖြိုး ဘိလပ်မြေအိတ်များလှူဒါန်း
တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ၊ မြို့နယ်ကော်မတီ ၀င် ဦးလှမင်း၊ ရပ်ကွက်စည်းရုံးရေးမှူးနှင့် အလုပ်အမှုဆောင်များသည် ယခုလ (၁၀) ရက်ညနေ ၅ နာရီတွင် ကျောက်မြောင်းအထက်ရပ်ကွက် ရွှေဘိုလမ်းမှ ပြည်သူများ၏ ဖိတ်ကြားချက်အရ ရွှေဘိုလမ်းကွန်ကရစ် လမ်းခင်နိုင်ရေးအတွက် သွားရောက်တွေ့ဆုံခဲ့ပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ ပြည်ခိုင်ဖြိုးပါတီဝင်များတွေ့ဆုံနှုတ်ဆက်စဉ်


၎င်းတွေ့ဆုံပွဲတွင် လမ်းကော်မတီဥက္ကဋ္ဌ ဦးသင်းအုန်းနှင့် ရပ်မိရပ်ဖများထံ ကွန်ကရစ်လမ်းခင်းနိုင်ရေးအတွက် တာမွေပြည်ခိုင်ဖြိုးပါတီက ကုန်ကျ မည့် ဘိလမ်မြေအိတ်များလှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top