X-Men ဇာတ်ကားသစ် ရုံတင်ပြသခြင်းအခမ်းအနားသို့ မင်းသမီးချော
ဖန်ပင်းပင်း တက်ရောက်
တရုတ်မင်းသမီးချော
ဖန်ပင်းပင်းသည် နယူးယောက်မြို့တွင်ကျင်းပသည့် သူမပါဝင်သရုပ်ဆောင် ထားသော X-Men:Day
of Future Past ဇာတ်ကားပွဲဦးထွက် ရုံတင်ပြသခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
ယခု
သီတင်းပတ်အကုန်ကပြုလုပ်ခဲ့သည့် အဆိုပါ ဇာတ်ကား ပွဲဦးထွက် ရုံတင်ပြသခြင်း အခမ်းအနားသို့
ဖန်ပင်းပင်းအပြင် ၄င်းဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်ထားကြသော ဟုဂ်ျဂျက်မန်း၊ ဂျိမ်းအမ်စီအေဗွီုင်း၊
မိုက်ကယ်ဖက်စ်ဘန်ဒါနှင့် ဂျနီဖာလောရင့်စ်တို့တည်းတက်ရောက်ခဲ့သည်။
မင်းသား
ဟုဂ်ျဂျက်မန်းသည် သူ၏ နှာခေါင်းတွင် ကင်ဆာ ဖြစ်ပွားနိုင်ခြေရှိသည့် အရေပြားကို ဖယ်ရှားရန်
အသေးစားခွဲစိတ်မှုတစ်ခုမကြာသေးမီက ခံယူထားသည့်အတွက် အဆိုပါ အခမ်းအနားသို့ နှာခေါင်း၌
ပတ်တီးဖြင့်တက်ရောက်ခဲ့သည်။
X-Men:Days
of Future Past ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်ထားသည့် မင်းသမီးချော ဂျနီဖာလောရင့်စ်က သူမသည်ဇာတ်ကားတစ်ကားစီတွင်
မတူညီသော ဇာတ်ကောင် အမျိုးမျိုးကို သရုပ်ဆောင်ခဲ့ကြောင်း၊ အက်ရှင် ဇာတ်ကွက်များကိုလည်းနှစ်သက်ကြောင်း၊
X-Men ဇာတ်ကားမှ ဇာတ်ကောင်သည် Hunger Games ရုပ်ရှင် ဇာတ်လမ်းတွဲမှ ဇာတ်ကောင်နှင့်မတူဘဲတစ်မှုထူးခြားကြောင်း၊
၎င်းဇာတ်ကောင်အတွက်လိုအပ်သည့် လေ့ကျင့်မှုများပြုလုပ်ရသည်မှာ ပျော်ရွှင်ဖွယ်ကောင်းကြောင်းဇာတ်ကား
ပွဲဦးထွက် ရုံတင်ပြသခြင်း အခမ်းအနား တွင်ပြောကြားခဲ့သည်။

No comments:
Post a Comment