ဘရွတ်ကလင်းနက်ကို မီယာမီဟိ အနိုင်ရတဲ့ သတင်း
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မီယာမီမြို့မှာ ကစားတဲ့ NBA ဘတ်စကက်ဘောပြိုင်ပွဲမှာ အိမ်ရှင်မီယာမီိဟိ အသင်းက ဘရွတ်ကလင်းနက် အသင်းကို (၁၀၇)မှတ်(၈၆)မှတ်နဲ့ အနိုင်ရသွားပါတယ်။ အဲဒီပွဲက အရှေ့ပိုင်းကွန်ဖရင့်ရဲ့ ဒုတိယအဆင့် ပွဲစဉ်(၁)ဖြစ်ပြီး Best of 7 ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိနှစ်ကြိမ်ဆက် ချန်ပီယံ မီယာမီဟိ အသင်းအတွက် လီဘရွန်ဂျိမ်းက (၂၂)မှတ်နဲ့ အမှတ်အများဆုံး ရယူပေးခဲ့ပါတယ်။ သူတို့(၂)သင်းရဲ့ ပွဲစဉ်(၂)ကို မီယာမီမြို့မှာပဲ ထပ်မံကစားပါမယ်။
No comments:
Post a Comment