တိုယိုတာကား ထုတ်လုပ်ရေးက မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံ နိုင် ရန် လေ့လာလျက်ရှိ
ဂျပန်နိုင်ငံ
အခြေစိုက် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် တိုယိုတာ ကားထုတ်လုပ်ရေးက မြန်မာ
နိုင်ငံတွင် စက်ရုံ ဖွင့်လှစ်ကာ ရင်းနှီး မြှုပ်နှံနိုင်ရန် လေ့လာလျက်
ရှိကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီက လက်ရှိတွင် ဈေးကွက်
အနေအထားနှင့် စက်ရုံ တည်ဆောက်မည့် နေရာ စသည်တို့ကို လေ့လာလျက် ရှိကြောင်း
ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
တိုယိုတာ မော်တာ အနေဖြင့်
မြန်မာနိုင်ငံတွင် အသစ်စက်စက် ဂျပန်ကားများကို ထုတ်လုပ်ရောင်း ချနေသည့်
ဆူဇူကီး မော်တာနှင့် အပြိုင်ဈေးကွက် အသစ်ကို စတင်ဖော်ဆောင်
ရတော့မည်ဖြစ်ပြီး မကြာမီ စက်မှုဝန်ကြီး ဌာနနှင့် ဖက်စပ် ထုတ်လုပ်မည့်
ဂျပန်မော်တာ ကုမ္ပဏီ တစ်ခုနှင့်လည်း ယှဉ်ပြိုင်ရဖွယ် ရှိနေကြောင်း ဈေးကွက်
ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
မြန်မာနိုင်ငံတွင် ကားနှင့် ပတ်သက်သည့်
မူဝါဒများ ပြောင်းလဲလာကာ ကားများကို တစ်ဦးချင်းစီ အထိ လွတ်လပ်စွာ
တင်သွင်းခွင့် ရလာခြင်းကြောင့် ဈေးကွက် အတွင်း တစ်ပတ်ရစ်ကားများမှာ
ရွှေခေတ် မကုန် သေးကြောင်း သိရသည်။
အသစ်စက်စက် မြန်မာကြိုက် ဂျပန်ကားများကို
မြန်မာနိုင်ငံတွင် ထုတ်လုပ်ကာ ကားဈေးကွက် အတွင်းသို့ ဝင်ရောက်လာပါက
မြန်မာနိုင်ငံတွင် တစ်ပတ်ရစ် ကားဈေးကွက် မှေးမှိန် သွားနိုင်ကာ
အသစ်စက်စက် ဂျပန် ကားသစ် ဈေးကွက်တစ်ခု ပေါ်ပေါက်လာနိုင်ကြောင်း ကားဈေးကွက်
ကျွမ်းကျင်သူများက သုံးသပ် ပြော ကြားခဲ့သည်။
No comments:
Post a Comment