ပလေးအော့ဖ် ဒုတိယ အဆင့်မှာ ၀ါရှင်တန်ဝီဇတ် အနိုင်ရတဲ့ သတင်း
အင်္ဂါနေ့က အင်ဒီယာနာပိုးလစ်မြို့မှာ ကစားတဲ့ NBAဘတ်စကက်ဘောပြိုင်ပွဲ၊ အရှေ့ပိုင်းကွန်ဖရင့် Play-Off ဒုတိယအဆင့် အဖွင့်ပွဲမှာ ၀ါရှင်တန်ဝီဇတ်စ် အသင်းက အင်ဒီယာနားပေဆာ အသင်းကို (၁၀၂)မှတ်၊(၉၆)မှတ်နဲ့ အနိုင်ရပါတယ်။ ၀ါရှင်တန်ဝီဇတ်စ်အသင်းမှာ လူငယ်ကစားသမား အများစု ဦးဆောင်ပါဝင်ပြီး ပွဲရှိန်နေတာမျိုး မရှိပါဘူး။ နောက်ခံလူ ဘရက်ဒလေဘီယယ်ဟာ အခုပွဲမှာ ၀ီဇတ်စ်အသင်းအတွက် (၂၅)မှတ် ယူပေးနိုင်ခဲ့ပါတယ်။ ၀ါရှင်တန်ဝီဇတ် အသင်းဟာPlay-Off ပထမအဆင့်ပွဲမှာ ချီကာဂိုရက်ဘူးလ် အသင်းကို (၅)ပွဲတည်းနဲ့ အနိုင်ကစားခဲ့ပါတယ်။ အခုလိုPlay-Off ဒုတိယအဆင့်ကို ကစားခွင့်ရတာဟာ ၀ါရှင်တန်ဝီဇတ် အသင်းအတွက် ၂၀၀၅ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
No comments:
Post a Comment