အာဏာသိမ်းမှု ရှည်ကြာနိုင်တယ်လို့ ပြောကြားလိုက်တဲ့ ထိုင်း ကာကွယ်ရေးဦးစီးချုပ်
ထိုင်းကာကွယ်ရေးဦးစီးချုပ်ဟာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးတဲ့သည်အထိ
နိုင်ငံအာဏာကို ထိန်းသိမ်းထားဦးမှာ ဖြစ်တယ်လို့ ပြောကြားထား ပါတယ်။နိုင်ငံအာဏာကို ရယူထားတဲ့ ထိုင်းကာ ကွယ်ရေးဦးစီးချုပ် ပရာရွတ်ချန်အိုချာဟာ
သောကြာနေ့တုန်းက နိုင်ငံခြားသံအမတ်တွေနဲ့ တွေ့ဆုံခဲ့ပြီး အာဏာသိမ်းမှုအလွန်
နိုင်ငံရေးအခြေ အနေနဲ့ ပတ်သက်ပြီးရှင်းပြခဲ့တယ်လို့ သိရပါတယ်။ သူက
ယခင်အစိုးရနဲ့ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု
လုပ်ဆောင်မယ့် အရိပ်အယောင်မတွေ့ရတာကြောင့် နိုင်ငံတော်အာဏာကို
သိမ်းခဲ့ရတာဖြစ်တယ် လို့ ပြောကြား ထားပါတယ်။
ပရာရွတ်က သူဟာ နိုင်ငံအာဏာသိမ်းမှုပြီးတဲ့နောက်မှာ ၀န်ကြီးချုပ်
ရင်လပ် အပြင် နိုင်ငံရေး လှုပ်ရှားသူအယောက် တစ်ရာကျော်ထိန်းသိမ်းထားပြီး
သူတို့တွေကို တစ်ပတ်အတွင်းပြန်လည် လွှတ်ပေး မှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
အရာရွတ်က နိုင်ငံ တည်ငြိမ်ပြီး
အေးချမ်း တဲ့ နိုင်ငံရေးဖြေ ရှင်းချက်လုပ်ဆောင် နိုင်မှသာ ရွေးကောက်ပွဲကို
ကျင်းပပေးမှာဖြစ်တယ် လို့လည်း ပြောကြား ထားပါတယ်။သူက စစ်တပ်ဟာ နိုင်ငံကို
အုပ်ချုပ်ထားဦးမှာဖြစ်ကြောင်း၊ အိမ်စောင့်အစိုးရကို မဖွဲ့စည်းဘဲနဲ့
အဲ့ဒီအစားနိုင်ငံရေး၊ စီးပွားရေးနဲ့ တစ်ခြားလုပ်ငန်းဆောင် တာတွေကို
ပြုပြင်မှု လုပ်ဆောင်ပေး သွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
ဒီအတောအတွင်းမှာတော့ အမေရိကန်နိုင်ငံက ထိုင်းနိုင်ငံကို ပေးအပ်မယ့်
ဒေါ်လာ(၃.၅)သန်းကို ဆိုင်းငံ့ ထားဦးမှာဖြစ်တယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနပြောခွင့်ရပုဂ်္ဂိုလ် မယ်ရီဟာ့ဖ်ကတော့
အမေရိကန်အရာရှိတွေဟာ ထိုင်းနိုင်ငံကို ပေးအပ်မယ့် အကူ အညီတွေကို
တိုက်ရိုက်အကူအညီတွေရော၊ ဒေသတွင်း၊ ကမ္ဘာတွင်း အဖွဲ့အစည်းတွေကနေ
တစ်ဆင့်ပေး အပ်တဲ့ အကူအညီတွေကိုလည်း ဆိုင်းငံ့သွားမှာ ဖြစ်တယ်လို့
ပြောကြားထားပါသည်။
No comments:
Post a Comment