ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး မာန်ပြေလမ်းမကြီးဖွင့်ပွဲ အထိမ်း အမှတ် စတုဒိသာ အလှူသို့တက်ရောက်
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၂/ တောင်ရပ်ကွက် မာန်ပြေလမ်း မကြီး ဖွင့်ပွဲ အထိမ်းအမှတ် အောင်ပွဲနှင့် အထိမ်းအမှတ် စတုဒိသာ အလှူတော်ကို မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် သာကေတမြို့နယ် မာန်ပြေလမ်းမကြီး၌ ကျင်းပခဲ့သည်။
ဒေ၀ဒဟ သဗ္ဗသိဒ္ဓိ နတ်စင်တရာကျောင်းတိုက် အထူးသာသနာပြု ဆရာတော်ကြီးအား အမှူးထား၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးနှင့် ဇနီး၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် ဇနီး၊ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် ဇနီးတို့က နယ်လှည့် စတု ဒိသာအလှူရှင်များ လှူဒါန်းသော ဘုရားဆင်းတုတော်များကို ဒေသခံ ပြည်သူ များအား မဲဖောက်ပေးခဲ့သည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဘုရားဆင်းတုတော် မဲပေါက်ပေးခဲ့သူများကို ဆင်းတုတော်များ ပေးအပ်လှူဒါန်းခဲ့ရာ တက်ရောက်လာသော ဧည့်ပရိတ် သတ်များက သာဓုအနုမောဒနာ ခေါ်ဆိုခဲ့ကြသည်။
ဆက်လက်၍ စတုဒိသာအလှူတော် ကျွေးမွေးလှူဒါန်းခဲ့ပြီး လာရောက် ကြသော ဧည့်ပရိတ်သတ် များကို အနုပညာရှင်များက တေးသီးချင်းများဖြင့် ဧည့်ခံခဲ့ပြီး ဆိုင်းအဖွဲ့ကလည်း တီးမှုတ် ဖျော်ဖြေခဲ့ကြသည်

No comments:
Post a Comment