Monday, May 26, 2014



သက်မွန်မြင့်နဲ့ ၀ိုင်းတို့ ပြန်လက်တွဲမယ့် ‘‘ချစ်လှစွာသော အမုန်း’’ 

စတင်ရိုက်ကူး

 

 

 


ကျွန်မက နှင်းဆီပါ မောင်’’ဇာတ်ကားတွင် ပါဝင်မည့် နမ်းသည့် ဇာတ်ဝင်ခန်းနှင့် ပတ် သက်ပြီး အဆင်မပြေဖြစ်ခဲ့သူ နှစ် ဦးဖြစ်သည့် ဒါရိုက်တာဝိုင်းနှင့် သရုပ်ဆောင် သက်မွန်မြင့်တို့ သည် ‘‘ချစ်လှစွာသော အမုန်း’’  တွင် ပြန်လည်လက်တွဲလျက်ရှိပြီး ယင်းရုပ်ရှင်ကားကို မြခွာညိုခြံ၌ စတင်ရိုက် ကူးနေကြောင်း သတင်းရရှိသည်။
‘‘ချစ်လှစွာသော အမုန်း’’ရုပ် ရှင်ကားတွင် သက်မွန်မြင့်၊ ၀တ်မှုံ ရွှေရည်၊ အောင်ရဲလင်းတို့ သုံးပွင့် ဆိုင်အချစ်ဇာတ်လမ်းကို ရိုက်ကူး မည်ဖြစ်ပြီး ပထမဆုံးရိုက်ကွင်း တွင် မင်းသမီးများနှင့်သာ စတင် ရိုက်ကူးမည်ဟု ဒါရိုက်တာဝိုင်း ကပြောသည်။
‘‘ပထမသုံး၊ လေးရက်မှာ မင်းသားပါနိုင်မှာ မဟုတ်ဘူး။ ဒါ ပေမဲ့ ကန်တော့ပွဲမှာတော့ လာပြီး အောင်ရဲလင်းက ကန်တော့ မှာပါ။ မင်းသမီးနှစ်ယောက်အခန်းတွေ အရင်ရိုက်မှာပါ’’ဟု ၀ိုင်းကပြော သည်။
ဖခင်ဖြစ်သူလက်ထပ်လိုက် သော မိထွေးဖြစ်သူခပ်ငယ်ငယ် ကောင်မလေးကို မကြည်ဖြူသောသမီးအဖြစ် သက်မွန်မြင့်က သရုပ် ဆောင်ရမည်ဖြစ်ကာ ပုညခင်၏ ၀တ္ထုကို ၀ိုင်းက ဇာတ်ညွှန်း ရေး သားပြီး  ဇာတ်ကားမရိုက်ကူးမီ ကတည်းက ပရိသတ်စိတ်ဝင်စား မှုခံရသော  ရုပ်ရှင်ဇာတ်ကားဖြစ် သည်။
‘‘ဒီကားကိုတော့ အရှေ့က ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်လို့ရတဲ့ ကားတစ်ကားဖြစ်အောင် ဖန်တီးမယ်လို့ ရည်မှန်းပြီးတော့ ကြံစည်ထားတယ်။ ဒါပေမဲ့ တစ် ခါတလေကျရင် ပရိသတ်က အေးတယ်လို့ ထင်တတ်တယ်။ အေး တယ်ဆိုတဲ့ ပရိသတ်ကိုပဲ သူတို့ ခံစားချက်ဆီရောက်အောင် ပို့နိုင်၊မပို့နိုင်ဆိုတာ ဒီကားမှာ စမ်းသပ် ကြည့်မှာ’’ဟု ၀ိုင်းကပြောသည်။
သက်မွန်မြင့်   ငြင်းပယ်ခဲ့ သော ‘‘ကျွန်မက နှင်းဆီပါ မောင်’’ရုပ်ရှင်ကို ဖွေးဖွေးနှင့် ရိုက်ကူးခဲ့ ပြီး စံပြရုပ်ရှင်ရုံဖွင့်ပွဲနေ့(မေလ၃ ရက်)တွင်   ယင်းဇာတ်ကားကို အကြိုမိတ်ဆက်ပြသခဲ့သည်။

No comments:

Post a Comment

back to top