အီတလီ ဖလားကို နာပိုလီအသင်း (၅)ကြိမ်မြောက် ရတဲ့ သတင်း

အီတလီနိုင်ငံ ရောမမြို့မှာ စနေနေ့က ကစားတဲ့ အီတလီဖလား ဗိုလ်လုပွဲမှာ နာပိုလီအသင်းက ဖီအိုရင်တီးနား အသင်းကို (၃)ဂိုး(၁)ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ နာပိုလီ အသင်းအနေနဲ့ အီတလီဖလားကို (၅)ကြိမ်မြောက် ရတာဖြစ်ပြီး (၃)နှစ်တာ ကာလအတွင်းမှာတော့ ဒုတိယအကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။ ကစားချိန် (၁၁)မိနစ်နဲ့ (၁၇)မိနစ်တို့မှာ အင်ဆစ်နီက နာပိုလီအတွက် အဖွင့်ဂိုး(၂)ဂိုးသွင်းပြီး ဖီအိုရင်တီးနားအတွက် ချေပဂိုးကို ဂျူအန်ဗာဂက်စ်က မြေမကျဘောနဲ့ လှလှပပ သွင်းခဲ့ပါတယ်။ နာပိုလီအတွက် တတိယဂိုးကိုတော့ မာတင်က ပွဲပြီးခါနီးမှာကပ်ပြီး သွင်းလိုက်တာပါ။ ချန်ပီယံ ဖြစ်သွားတဲ့ နာပိုလီအသင်းဟာ ဂိုခန်အင်လာ အနီကတ်နဲ့ အထုတ်ခံရတဲ့ (၇၉)မိနစ်ကစလို့ (၁၀)ယောက်တည်းနဲ့ ကစားပြီး အနိုင်ရသွားတာ ဖြစ်ပါတယ်။ အဲဒီနေ့က ပွဲမကစားခင်မှာ ကွင်းပြင်မှာ ပရိသတ်တွေ အကြမ်းဖက်ကြလို့ ပွဲစချိန်(၄၅)မိနစ်လောက် နောက်ကျသွားပါတယ်။
No comments:
Post a Comment