Friday, May 9, 2014


နေပြည်တော်ခရိုင်၊ လယ်ဝေးမြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု 

ပါတီ တွေ့ဆုံ ပွဲပြုလုပ်


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်၊ လယ်ဝေးမြို့နယ်နှင့် ရပ်ကွက် /ကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီများ တွေ့ ဆုံဆွေးနွေးပွဲကို မေ(၈)ရက် နံနက် (၁၀) နာရီအချိန်က လယ်ဝေးမြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုနယ်မြေ ဗဟိုကော်မတီဝင်၊ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမှတ်ကြီး၊ နေပြည်တော်ခရိုင် ကော်မတီဝင် လယ်ဝေးမြို့နယ် တာဝန်ခံ ဦးဇော်အောင်၊ ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်မှ ဌာနမှူး ဦးတင်ဌေး၊ လယ်ဝေးမြို့နယ် အတွင်းရေးမှူး ဦးသိန်းတိုးနှင့် ကော်မတီဝင်များ ရပ်ကွက်ကျေးရွာအုပ်စု (၆၅)အုပ်စုမှ စည်းရုံးရေးမှူးများ ကော်မတီဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နယ်မြေ (၁၄)နယ်မြေမှ စည်းရုံးရေးမှူးများက မိမိရပ်ကွက်/ကျေးရွာ အုပ်စုများနှင့် ပတ်သက်၍ တင်ပြကြပြီး တင်ပြချက်များအပေါ် ဗဟိုကော်မတီ ၀င် ဦးဌေးဝင်း၊ ဦးမှတ်ကြီး ခရိုင်ကော်မတီဝင် ဦးဇော်အောင်၊ ဌာနမှူး ဦးတင်ဌေးနှင့် မြို့နယ်အတွင်းရေးမှူး ဦးသိန်းတိုး တို့မှ ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။ 




ထို့နောက် ရပ်ကွက်ကျေးရွာအုပ်စုအသီးသီးမှ ပါတီဝင် (၃၈၁)ဦးတို့၏ ပါတီဝင်လျှောက်လွှာ များအား မြို့နယ်အတွင်းရေးမှူး ဦးသိန်းတိုးထံ ပေးအပ် ကြပြီး မြို့နယ်အတွင်းရေးမှူးမှ ရပ်ကွက်/ ကျေးရွာအုပ်စု အသီးသီးမှ ပါတီဝင် (၁၂၅၀)ဦးတို့၏ ဌာနချုပ် ပါတီဝင်ကဒ်များအား ပြန်လည် ပေးအပ်ခဲ့ပြီး ဆက်လက်၍ ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးသို့ နည်းပြဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် မြို့နယ်ကော်မတီဝင် ဦးအောင်မျိုးမင်းနှင့် ဦးကြည်ငြိမ်းခိုင်အားလည်းကောင်း ပြည်ထောင်စုနယ်မြေ တွင် ဖွင့်လှစ်သည့် သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သာဝတ္ထိကျေးရွာအုပ်စု စည်းရုံးရေးမှူး ဦးလှသိန်းအား လည်းကောင်း ဗဟိုကော်မတီဝင် ဦးဌေးဝင်း၊ ဦးမှတ်ကြီးနှင့် ဌာနမှူး ဦးတင်ဌေး တို့မှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ် ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top