Friday, May 9, 2014

ဟင်္သာတမြို့နယ် ခြင်ဘို့ကျေးရွာအုပ်စုအတွင်း လေပြင်းတိုက်ခတ် မှုကြောင့် ကျေးရွာ (၈) ရွာမှ ပြိုကျပျက်စီးခဲ့သော ဘုန်းတော်ကြီး ကျောင်းများနှင့် အိမ်ထောင်စုများအတွက်ပစ္စည်းနှင့်ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ခြင်ဘို့ကျေးရွာအုပ်စုအတွင်း ဧပြီ (၂၇) ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ (၈) ရွာမှ ပြိုကျပျက် စီးခဲ့သော ဘုန်းတော်ကြီးကျောင်းများ နှင့် အိမ်ထောင်စုများအတွက် ပစ္စည်းနှင့် အလှူငွေ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မေလ (၃) ရက် နံနက် (၇) နာရီခွဲအချိန်တွင် ဟင်္သာတမြို့နယ်၊ ကြွက်ကုန်းအထက(ခွဲ) ၌ ပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ ဧရာတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုးမြင့်၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေး မှူး ဦးစန်းဌေး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ် စည်ပင် သာယာရေးကော် မတီ ဥက္ကဋ္ဌ ဦးတင်နိုင်လင်း၊ ဟင်္သာတခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် ပါတီဝင်များ တက်ရေက်ကြသည်။ 






ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အဖွင့်အမှာစကားပြောကြားရာ တွင် မိမိအနေဖြင့် ဧပြီ (၂၇) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ဆုံးရှုံးမှု များကို ကြားသိရသော်လည်း အခြေအနေ မပေးသဖြင့် ယခုမှ လာရောက်နိုင်ခြင်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်တိုင်း ပထမဆုံး ကူညီပေးသူမှာ မိမိတို့၏ ဆွေမျိုးများ၊ ရွာသူရွာသားများ၊ နယ်မြေ လူထုပင်ဖြစ်ကြောင်း၊ ဒုတိယကူညီပေးသူမှာ မိမိပတ်ဝန်းကျင်ရှိ အုပ်ချုပ်ရေး အဖွဲ့များ၊ အခြားလူမှုရေးအသင်းအဖွဲ့များ ပင်ဖြစ်ကြောင်း၊ တတ်စွမ်းသရွေ့ ကူညီကြရာ၌ စေတနာပိုင်းအရ အားလုံးတူညီကြကြောင်း၊ အကျိုးပြု လုပ်ငန်း များနှင့်ပတ်သက်၍ မိမိတို့အနေနှင့်လည်း ကိုယ်တိုင်လုပ်နိုင်လျှင် ကိုယ်တိုင် လုပ်ကြောင်း၊ ကိုယ်တိုင်မတတ်နိုင်လျှင် စေတနာရှိသော အဖွဲ့အစည်းများကို လှုံ့ဆော်ပေးကြောင်း၊ အကူအညီတောင်းရကြောင်း၊ မတတ်နိုင်လျှင် ရပ်ရေး၊ ရွာရေး ဖွံ့ဖြိုးတိုးတက်ရေး၌ ဆောင်ရွက် ပေးနိုင်ဆုံးဖြစ်သည့် အုပ်ချုပ်ရေး အဖွဲ့ အစည်းဖြစ်သော အစိုးရထံတင်ပြရကြောင်း၊ ယခု ထောက်ပံ့မှုများမှာလည်း အလှူရှင်များ၊ အဖွဲ့အစည်းများ၊ အစိုးရဌာနများ အားလုံး ပူးပေါင်းပါဝင် လှူဒါန်း ကြခြင်းဖြစ်ကြောင်း၊ ယနေ့လှူဒါန်းခြင်းသည် အပြည့်အစုံ မဟုတ်သော်လည်း ထိုက်သင့်သော အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ပြောကြား ပြီး ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် မိသားစုက ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေ များကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီး ဌာန၀န်ကြီး ဦးစိုးမြင့်မှ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတခရိုင် အတွင်းရေးမှူးနှင့် ဟင်္သာတ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ပါတီဝင်များ မှ လှူဒါန်းသော ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ မဲဆန္ဒ နယ်အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်နှင့် တိုင်း ပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့် တို့က အသီးသီးပေးအပ်ရာ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော် မတီဝင်များ၊ ရွာသူ ရွာသားများမှ လက်ခံရယူသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ လှူဒါန်းသော အလှူငွေ များအား မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းက လည်းကောင်း၊ ဟင်္သာတခရိုင်နှင့် မြို့နယ် ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆန် စက်လုပ်ငန်းရှင်များ၊ ကားအသင်းများနှင့် အသင်းအဖွဲ့များမှ လှူဒါန်း သော အလှူငွေများအား ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် ဟင်္သာတမြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်နိုင်လင်းတို့လည်းကောင်း၊ လူမှု ၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပစ္စည်းများအား ဟင်္သာတခရိုင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လေးရွှေစင်ဦးမှ လည်းကောင်း၊ စိန် ဆီစက်ပိုင်ရှင် အလှူရှင် ဒေါ်ညွန့်ညွန့်ဝင်းမှလည်းကောင်း ထောက်ပံ့ ပစ္စည်းများကို ပေးအပ် လှူဒါန်းရာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင် များ၊ ရွာသူ ရွာသားများမှ လက်ခံ ရယူပြီး ခြင်ဘို့ကျေးရွာအုပ်စုမှ ဒေသခံ ဦးမောင်မောင်ထိန် မှ လေပြင်းတိုက် ခတ်မှုဖြစ်စဉ်အား ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြန်လည်ပြော ကြားသည်။
ထို့နောက် ဒုဥက္ကဋ္ဌဦးဌေးဦ က ယခုကဲ့သို့ မိမိဒေသအကျိုးအတွက် စည်းစည်း လုံးလုံးဖြင့် ၀ိုင်းဝန်း ဆောင်ရွက်ကြသည့်အတွက် အထူးဝမ်းမြောက်မိ ပါကြောင်း၊ မိမိအနေဖြင့် လုပ်ရကျိုးနပ်ပါကြောင်း၊ ဆက်လက်၍လည်း ရပ်ရေး၊ ရွာရေး ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ် စွာဖြင့် ၀ိုင်းဝန်းဆောင်ရွက်ကြသည့်အတွက် အထူးဝမ်းမြောက်မိပါကြောင်း မိမိအနေဖြင့် လုပ်ရကျိုး နပ်ပါကြောင်း၊ ဆက်လက်၍လည်း ရပ်ရေး၊ ရွာရေး ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် စည်းလုံးညီညွတ်စွာဖြင့် ၀ိုင်းဝန်းပါဝင်ဆောင်ရွက်သွားကြရန် နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top