Thursday, May 8, 2014


ဂုဏ်ပြုထိုက်သော ပါတီဝင်အား ဗဟိုကော်မတီဝင်မှ 

ဂုဏ်ပြုပွဲကျင်းပ



ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံကျေးရွာအုပ်စု၊ ခေါ်ခု (ကယား) ရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးဖရေရယ်နေအိမ်၌ ဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူ ဦးဆောင်၍ ဂုဏ်ပြု ထိုက်သော ပါတီဝင် ဦးဖရေရယ် အား ဂုဏ်ပြုပွဲကို မေလ (၆) ရက် နံနက်(၁၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ပါသည်။ 
အဆိုပါ ဂုဏ်ပြုပွဲသို့ ပြည်နယ်ကော်မတီဝင် ဦးဂျေကလက်၊ ဦးအောင်ခင်၊ ဒေါ်မော်မော်ခိုင်၊ လွိုင်ကော်ခရိုင် ကော်မတီဝင်များ၊ ဒီးမော့ဆို မြို့နယ် အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ပါသည်။


ဂုဏ်ပြုပွဲတွင် ဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူမှ (၁၈-၃-၂၀၁၄) ရက်နေ့ မီးလောင်မှု ဖြစ်စဉ်တွင် မိမိအသက်ကို ပဓာနမထားဘဲ ၂ နှစ်အရွယ် ကလေး ငယ်၏အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာ ရရှိခဲ့သည် ဦးဖရေးရယ်အား လေးစားဂုဏ်ပြုသော အားဖြင့် ဤဂုဏ်ပြုပွဲကို ကျင်းပရခြင်းဖြစ်ပြီး မိမိတို့ ပါတီဝင်များအားလုံး အတုယူကြ ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ကော်မတီဝင် (ဒီးမော့ဆိုမြို့နယ်တာဝန်ခံ) မှ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဌာနချုပ်မှ ဂုဏ်ပြုချီးမြှင့်သည့် ချီးမြှင့်ငွေ ကျပ် (၃) သိန်းအား ဦးဖရေးရယ်၏ မိသားစုဝင် တစ်ဦးထံ ပေးအပ်ချီးမြှင့်ပြီး ဂုဏ်ပြုပွဲကို (၁၁း၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top