ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ ပြန်လည်ရောက်ရှိ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သို့ မေလ ၁၅ ရက် က လေ့လာရေးခရီး သွားရောက်ခဲ့ပြီး မေလ ၂၄ ရက်နေ့ တွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိခဲ့သည်။
အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော် ဦးဆောင်ကာ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ပါတီဌာနချုပ် ရုံးတို့မှ ပါတီကော်မတီဝင်များ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားခဲ့ကြပြီး ကိုယ်စားလှယ် အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ကြသည်။

No comments:
Post a Comment