အီရန်နှင့် တရုတ်နိုင်ငံတို့ စစ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
အီရန် ကာကွယ်ရေးဝန်ကြီး Hossein Dehghan ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံသို့ မေ ၄ ရက်က အလည်အပတ်
ရောက်ရှိခဲ့ပြီး နှစ်နိုင်ငံအကြား စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအား
တိုးမြှင့် ဆောင်ရွက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်
ပတ်သက်၍ တရုတ်ကာကွယ်ရေး ဝန်ကြီး ချန်ဝမ်ကွမ်နှင့် မေ ၅ ရက်တွင် တွေ့ဆုံ
ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ
ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေး ခဲ့ကြကြောင်းနှင့် ပင်လယ် ဓားပြမှု၊
လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ အစွန်းရောက် လှုပ်ရှားမှုများအား တိုက်ဖျက်ရေး
အတွက် နှစ်နိုင်ငံ အနေဖြင့် စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို
တိုးမြှင့် ဆောင်ရွက်နိုင်ကြောင်း Dehghan က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ
အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အတွက် အာမခံချက်
ပေးနိုင်သကဲ့သို့ အီရန်နိုင်ငံ အနေဖြင့်လည်း အရှေ့ အလယ်ပိုင်းနှင့်
ပင်လယ်ကွေ့ဒေသ အတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး အတွက်
အာမခံ ချက် ပေးနိုင်ကြောင်း၊ နှစ်နိုင်ငံ အကြား
လုံခြုံရေး-နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များက အီရန်နိုင်ငံသည် တရုတ်နိုင်ငံ၏
မဟာဗျူဟာမြောက် မိတ်ဖက် နိုင်ငံဖြစ်သည်ကို သက်သေပြလျက် ရှိကြောင်း
ချန်ဝမ်ကွမ် က ပြန်လည် ပြောကြားခဲ့သည်။
No comments:
Post a Comment