ကိုယ်မကြိုက်တဲ့ ဇာတ်မျိးလာကမ်းလှမ်းရင် မရိုက်ရလဲ ထိုင်နေတတ်တဲ့ သူလို့ ဖွင့်ဟလိုက်တဲ့ ချစ်သုဝေ
အိမ်ထောင်ကျပြီးသွားမှ ပိုလှလာသလို အနုပညာလှုပ်ရှားမှုတွေကို အဆက်မပြတ်
ကြိုးစားလုပ်ကိုင်နေတဲ့ ချစ်သုဝေနဲ့ ရှုတင်တစ်ခုမှာ တွေ့ဆုံခိုက် သူမရဲ့
အနုပညာလှုပ်ရှားမှုအကြောင်း မေးဖြစ်တဲ့အခါ “ခုရိုက်နေတဲ့ကားလေးကစိတ်စေရာတဲ့။
မင်းသားကဇေရဲထက် ဒါရိုက်တာကဦးဝင်းထွန်းထွန်းပေါ့။ ဒီကားထဲမှာ မက
နှစ်ကိုယ်ခွဲတော့မဟုတ်ဘူး။ ဒါပေမဲ့ စိတ်နှစ်မျိုးနဲ့သရုပ်ဆောင်ရတာပေါ့။
ပထမတစ်ယောက်က ကောင်လေးရဲ့စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ကောင်မလေး၊ တကယ်မရှိ တဲ့
ကောင်မလေးပေါ့။ ဒါပေမဲ့ အဲဒီကောင်မလေးရဲ့ကာရိုက်တာက လွတ်လပ်ပေါ့ပါးတယ်။
တစ်ယောာက် တည်း နေတတ်တယ်။ စကားပြောရင် တိတိပြတ်ပြတ်လေးတွေ ပြောတတ်တယ်။
တစ်ယောက်တည်း ပဲ နေတယ်။ နောက်တစ်ယောက်ကကျတော့ အေးဆေးနူးညံ့ပြီး
ကောင်လေးနဲ့စေ့စပ်ထားတဲ့ ကောင်မလေး ရဲ့ကာရိုက်တာပေါ့။ မမ ထိန်းသိမ်း ရတာက
စကားပြောတဲ့ လေယူလေသိမ်းတွေ၊ မျက်နှာခွဲစိတ် ကုသပြီးတဲ့ခါကျတော့ မျက်နှာက
ဒီမျက်နှာပေမယ့် သိမ်ငယ်တတ်တဲ့ စိတ်လေးတွေ၊ ပါအောင်တော့ ဂရုစိုက်ရတာပေါ့။
ဒီကားလေးက နဲနဲလဲဆန်းတယ်။ မကိုယ်တိုင်လဲ ရိုက်ချင်လို့လက်ခံခဲ့တဲ့
ကားလေးပေါ့။”လို့ သူမက ပြောပါတယ်။
ခုလက်ရှိမှာ ထွက်ထားတဲ့ ကျောချင်းခိုင်း၍ မျက်နှာချင်းဆိုင်
ကားနဲ့ပတ်သတ်ပြီး ပရိသတ်တွေ ကြိုက်ကြတဲ့အပြင် ဇာတ်ကားတွေ
အထွက်ကျဲသွားတယ်လို့ မြင်မိတဲ့ ပရိသတ်ရဲ့အမြင်ကိုသူမက “မမ ကကားတွေကို
အမြဲတမ်းကြီး ဆက်တိုက်တော့ မရိုက်နိုင်ဘူး ပေါ့နော်။ တစ်ခါတစ်လေကျရင် မမ
မကြိုက်တဲ့ကားမျိုးဆို မရိုက်ပဲနဲ့ ထိုင်နေတတ်တာမျိုး ဆိုတော့လေ။
ကားရိုက်ကလေးတွေက ကျဲတာတော့ မဟုတ်ဘူး။ ပုံမှန်ပဲပေါ့။
ထွက်ထားတဲ့အခါမျိုးမှာလဲ ဒရာမာဆိုလဲ ဒရာမာအလျောက်၊
ရိုမန့်စ်ဆိုလဲရိုမန့်စ်အလျောက်၊ အရာရာပေါ့လေ။ အဆင်ပြေအောင်ရိုက်တယ်။
ကျောချင်းခိုင်း၍ကားကို ပရိသတ်တွေကြိုက်ကြတယ်ဆိုတော့ မမ ကျေနပ်တယ်။
အထွက်ကျဲပေမဲ့ တစ်ကားဆိုတစ်ကား ပရိသတ် လက်ခံကြတဲ့အတွက် မမကိုယ်တိုင်
အလုပ်လုပ်တဲ့အခါမှာလဲ ကောင်းသော ရွေးချယ်မှုလေးတွေကို
လုပ်ခဲ့လို့ဖြစ်မှာပါနော်။ အဲဒီကားလေးက မကိုယ်တိုင်လဲ သဘောကျတဲ့ကားလေး၊
အဲဒီကားလေးထဲမှာ မှတ်မှတ်ရရဆို ကန်ဘောင်က သစ်ပင်နားမှာ ကိုတီနဲ့
ဖြေရှင်းနေတုန်းမှာ ကိုယ်က ကောင်းကောင်းလေး ငိုယို သရုပ်ဆောင်နေတဲ့
အခန်းမှာ ကင်မရာrecord မနှိပ်ထားဘူး။ မှတ်မှတ်ရရပြန်ရိုက်ရတယ်။
ပထမသရုပ်ဆောင်တာလောက် မမအားမရဘူး။ ဒါပေမဲ့လဲ ဖြစ်တတ်တော့လေ။ မမက မမပထမဆုံး
လုပ်ရတာကို အားအရဆုံးပဲ။ ဒုတိယရိုက်တဲ့ဟာဆို နဲနဲလိုနေသလို ခံစားရတယ်။
အဲဒါလေးကြောင့် အမှတ်တရဖြစ်နေတာပါ”တဲ့။

No comments:
Post a Comment