ရွှေဝတ်မှုန်ဆမ်း ကံကော်ပန်း

ပွင့်ဖတ်ဖြူဖြူ
လေးရံမှုကာ
လယ်မှာစံမြန်း
ရွှေမှုန်ဆမ်းတဲ့
ရင်ဝယ်အေးချမ်း
ကံ့ကော်ပန်းက
တစ်နှစ်တစ်ခေါက်
ကဗျာပေါက်ဖို့
ပိတောက်ပန်းနဲ့
မပြိုင်ခဲ့ငြား
နွေဦးတစ်လျှောက်
ပွင့်ချိန်ရောက်တိုင်း
ရွှင်မြူးတက်ကြွ
ငါတောင့်တသည်။
သူ့ရနံ့သင်း
ဆောင်းဦးနှင်းလို
ဒီနွေအခင်း
ဖြိုကာခွင်းလို့
ရှူ ရှိုက်ရသူ
အပေါင်းလူကို
ကြည်လင်အေးချမ်း
စိတ်လန်းဆန်းစေ
မေတ္တာစွမ်းအင်
ဖန်တီးရှင်မို့
လည်ပြီးတစ်ခေါက်
ပြန်ချိန်ရောက်တိုင်း
နှမြောတသ
ငါ လွမ်းလှသည်။
No comments:
Post a Comment