Friday, May 23, 2014


ချမ်းမြသာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြရည်နန္ဒာရပ်ကွက်တွင် 

ရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် တွင် သောက်သုံးရေ အခက်အခဲရှိ၍ အကူအညီ တောင်းခံသောကြောင့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီက မေလ (၂၂) ရက် နံနက် (၁၀) နာရီတွင် အိမ်ခြေ ၈၁ အိမ်နှင့် လူဦးရေ ၁၉၁ ကျော်ခန့်ကို ရေဂါလန် ၁၀၀၀ ဆံ့ကားဖြင့် လှူဒါန်း ခဲ့ကြသည်။


ချမ်းမြသာစည်မြို့နယ် တောင်ပိုင်း ဖားပေါင်းရပ်ကွက် အကွက် ၈၈၃ တွင် လည်း ညနေ ၄ နာရီတွင် ရေဂါလန် ၁၀၀၀ ဆံ့ကားတစ်စီးဖြင့် လှူဒါန်း ခဲ့ကြောင်း သိရသည်။
အဆိုပါရေလှူဒါန်းရာနေရာသို့ မြို့နယ် အတွင်းရေးမှူး ဦးမြင့်ဦး၊ နယ်မြေမှူး ဦးကျော်သက်ထွန်း၊ ဒေါ်မြင့်မြင့်စိုး၊ ဦးတင်မြင့်၊ မြို့နယ်လူငယ် အကြံပေး ဒေါက်တာ သိန်းထွန်းအောင်၊ ရပ်ကွက် စည်းရုံးရေးမှူး ဦးညိုဦးနှင့် အမှုဆောင်များ၊ ပါတီဝင်များ၊ လူငယ်အင်အား စုစုပေါင်း ၁၅ ဦးတို့ဖြင့် သွားရောက်လှူဒါန်းခဲ့သည်။

No comments:

Post a Comment

back to top