Friday, May 23, 2014

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှုး (ရန်ကုန်တိုင်း ဒေသကြီး တာဝန်ခံ) လှိုင်မြိုနယ် ပါတီ ကော်မတီ ၀င်များ နှင့် တွေဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး (ရန်ကုန် တိုင်းဒေသကြီး တာဝန်ခံ) ဦးမောင်မောင်သိမ်း၊ ဗဟိုကော်မတီဝင် တိုင်းဒေ သကြီး ပါတီ အတွင်းရေးမှူး ဦးသာဝင်း တို့သည် ၂၀၁၄ ခုနှစ် မေလ (၂၂) ရက် နံနက် ၉ နာရီက လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် မြို့နယ်/ ရပ်ကွက် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးလှထွန်းဦး၊ ဒေါ်သင်းသင်းမိုး၊ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါက်တာဝင်းမြင့်၊ ရန်ကုန် အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးနေ၀င်း၊ ခရိုင်ပါတီကော်မတီဝင် ဦးမြင့်ဆောင်၊ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမင်းလွင်နှင့် မြို့နယ် ပါတီကော် မတီဝင်များ၊ ရပ်ကွက်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့သည်။

တွေဆုံပွဲတွင် ပါတီအထွေထွေအတွင်းရေးမှူးမှ မိမိသည် လှိုင်မြို့နယ်သို့ လာရောက်ခြင်းသည် ပထမဦးဆုံး အကြိမ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီကော်မတီဝင်များကို စုံစုံညီညီ တွေ့ဆုံရ သဖြင့် ၀မ်းမြောက်ပါကြောင်း၊ ပါတီသည် ပြည်သူ့အတွက် ဆိုသကဲ့သို့ ပြည် သူ့အကျိုးကို လက်တွေ့ကျကျ အကောင်အထည် ဖေါ်ဆောင်ပေးနေသည်ကို ပါတီဝင်များနှင့် ပြည်သူများ အသိပင်ဖြစ်ကြောင်း၊ ပါတီဗဟိုမှလည်း ပါတီကော်မတီဝင်များကို တတ်စွမ်းသမျှ ကူညီထောက်ပံ့ပေးနေပြီး ဒေသ ဖွံဖြိုးရေး လုပ်ငန်းများမှာ တစ်ခြားပါတီများထက် လက်တွေ့ကျကျ ဆောင် ရွက်ပေးနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိပါတီဝင်များအနေဖြင့် လက်တွေ့ ကျကျ ဆောင်ရွက် ပေးနိုင်သည့် အားသာချက်ကို လက်ကိုင်ထားလျှက် ပြည် သူနှင့် တစ်သားတည်းကျသော ပြည်သူ့ ပါတီဖြစ်အောင် ကြိုးပမ်း ဆောင်ရွက် သွားကြဖို့ လိုကြောင်း၊ IRI စစ်တမ်းများအရ နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှုမှာ ၈၈ ရာခိုင်နှုန်း အကောင်းဖက်သို့ သွားနေတာဖြစ်ကြောင်း၊ မှတ်တမ်းများ မှာ ဖေါ်ပြထားတာ တွေ့ရပါတယ်၊ ဒါကြောင့် ပါတီဝင်များသည် မိမိတို့၏ စိတ် ဓာတ်ခွန်အားများကို ယုံကြည်ချက် ခိုင်ခိုင်မာမာထားပြီး ကြိုးစားသွားကြပါဟု မှာကြားသည်။
ထို့နောက် မြို့နယ်အတွင်းရေးမှူးမှ မြို့နယ်၏ စည်းရုံးအင်အားနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင် ရွက်လျှက်ရှိကြောင်း တင်ပြသည်။
အထွေထွေအတွင်းရေးမှူးမှ တင်ပြချက်များကို ပြန်လည် ရှင်းလင်းဆွေးနွေးပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့သည်။ အထွေထွေအတွင်းရေးမှူးသည် ကြည့်မြင်တိုင်မြို့နယ်၊ အလုံမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များသို့ သွားရောက်၍ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top