Friday, May 23, 2014

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကွင်း ဆင်းဆောင်ရွက်

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေး ၀န်ကြီး ဒေါက်တာ ၀င်းအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ထားဝယ်မြို့နယ်နှင့် မေတ္တာမြို့နယ်ခွဲမှ ရပ်ကွက်ကျေးရွာ ပြည်သူလူထု တို့အား တွေ့ဆုံကာ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ သည်။

မေလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ထားဝယ်မြို့နယ် ကျောက်ရပ်ကျေးရွာ အုပ်စု ကျောက်ရပ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၊ မေလ (၁၉) ရက်နေ့ တွင် မေတ္တာမြို့နယ်ခွဲ ပျားသားချောင်းကျေးရွာ မူလွန်ကျောင်း ခန်းမ၊ ဖောင်းတောကြီးကျေးရွာ မူလွန်ကျောင်းခန်းမ၊ မေတ္တာမြို့နယ်ခွဲ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၊ ဟိန္နားကျေးရွာ မူလ တန်းကျောင်းခန်းမနှင့် ကျောက်မဲ တောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့၌ ပြည်သူလူထုတို့ကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံပြီး ရပ်ကွက်ကျေး ရွာ ဒေသလိုအပ်ချက်များကို ပြည်သူလူထု က ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တာဝန်ရှိသူတို့က လိုအပ်သည်များ ကို ညှိနှိုင်းကူညီ ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ရောက်ရှိခဲ့သည့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်တို့အား ဆန်တစ်အိတ်နှင့် သင်္ကန်း တစ်စုံစီ လှူဒါန်းခဲ့ပြီး ကျေးရွာစာသင်ကျောင်းများ မှ ကျောင်းသား ကျောင်းသူများအတွက် ဗလာစာအုပ် ဒါဇင် ၅၀ စီကို ကျောင်း အုပ်ဆရာမများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top