Thursday, May 22, 2014

ရော်နယ်ဒိုနဲ့ ဘေးလ်တို့ လေ့ကျင့်ခန်း မဆင်းနိုင်






ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် အင်္ဂါနေ့က မက်ဒရစ်မြို့မှာ ပြင်ဆင် လေ့ကျင့်နေရတဲ့ ရီရဲလ်မက်ဒရစ် အသင်းမှာ အဓိကတောင်ပံကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ဂါရက်ဘေးလ်တို့ ပါဝင်လေ့ကျင့်နိုင်ခြင်း မရှိပါဘူး။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ အသင်းဖော်တွေနဲ့အတူ မလေ့ကျင့်နိုင်ပေမယ့် သီးခြားကြံ့ခိုင်မှု လေ့ကျင့်ရေး အစီအစဉ်တွေကိုတော့ လုပ်နိုင်ပါတယ်။ ဂါရက်ဘေးလ်ကတော့ လေ့ကျင့်ရေး အစီအစဉ် အားလုံးကို လွဲချော်ခဲ့တာပါ။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံး ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားနိုင်မယ်လို့ ရီရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ပြောပါတယ်။ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ ပတ်သက်ပြီးလည်း အန်ဆယ်လော့တီက အခုလိုရှင်းလင်း ပြောသွားပါတယ်။ သူက ’’ဒီလိုပွဲမျိုးမှာ တစ်သင်းနဲ့ တစ်သင်း ဘာမှလျှို့ဝှက်စရာ မရှိဘူးထင်ပါတယ်။ တစ်သင်းအကြောင်း တစ်သင်း ကောင်းကောင်း သိကြပြီးသားပါ။ ဗိုလ်လုပွဲတွေရဲ့ အစဉ်အလာအတိုင်းပဲ ဒီပွဲဟာလည်း ခြေမျှတဲ့ပွဲ ဖြစ်လာမှာပါ’’လို့ ပြောပါတယ်။ လက်ရှိအခြေအနေအရ ရီရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာနဲ့ နောက်ခံလူ ပီပီတို့ကတော့ ဗိုလ်လုပွဲကို လွဲချော်ရဖို့ များနေပါတယ်။

No comments:

Post a Comment

back to top