Friday, May 9, 2014


ရပ်ကွက်ဖွံ့ဖြိုးရေး အထောက် အကူအဖွဲ့များအား ဂုဏ်ပြုမှတ် 

တမ်းလွှာ ပေးအပ် ပွဲသို့ ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ် 

တက်ရောက်


ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွက် ပြည်ထောင်စု လွှတ်တော်မှ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း တစ်ထောင်ဖြင့် တောင်ဥက္ကလာပမြို့နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် အများအကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ခဲ့သော တောင်ဥက္ကလာပမြို့နယ် ဖွံ့ဖြိုးရေး အထောက် အကူအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲ အခမ်းအနားကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် မေလ(၇) ရက်နေ့ နံနက် ၁၁ နာရီတွင် ကျင်းပခဲ့သည်။ 


အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက အဖွင့် အမှာစကား ပြောကြားရာတွင် မြို့နယ် အထောက်အကူ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ မှ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အမှန်တကယ် လိုအပ်လျက်ရှိသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သဖြင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက မြို့နယ်နှင့် ရပ်ကွက်များရှိ ဖွံ့ဖြိုးရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။ 
အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရ သည်။

No comments:

Post a Comment

back to top