Friday, May 9, 2014


အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီ 

စောင့်ရှောက်ရေး ကော်မတီမှ ကူညီ ထောက်ပံ့ပစ္စည်း ပေးအပ် 

ပွဲကျင်းပ


အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ကယားပြည်နယ်ခရီးစဉ်တွင် အမျိုးသား လွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီမှ ဖရူဆိုမြို့နယ်သို့ ပေးအပ်သော ကူညီထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မေလ (၅)ရက်နေ့ မွန်းလွဲ (၁း၃၀) နာရီအချိန်က ဖရူဆိုမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်ရုံးတွင် ကျင်းပပြုလုပ်ပါသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးရယ်မှ ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြား ပါသည်။



ဆက်လက်ပြီး အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီအဖွဲ့ဝင် ဦးဆားရယ် (ဖရူဆိုမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်) က ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ် ရခြင်းနှင့် ရှင်းလင်းပြောကြားပါသည်။
ပြီးနောက် လှူဒါန်းငွေများနှင့် ထောက်ပံ့ပစ္စည်းများကို လွှတ်တော် ကိုယ်စား လှယ်များမှ အသီးသီး ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပါသည်။ အခမ်းအနားသို့ ဖရူဆိုမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဆန်းရယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရီးချက်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကေ့ထျိုးဘိုးကော်မတီဝင်များ၊ ကက်သလစ် ဘုရားကျောင်း ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ သီရိမင်္ဂလာ ဓမ္မာရုံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရပ်မိရပ်ဖများ၊ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ကော်မတီဝင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
လှူဒါန်းငွေနှင့် ထောက်ပံ့ပစ္စည်းများမှာ ရိုးရာကေ့ထျိုးဘိုးအဆောက်အဦး အတွက် သိန်း (၃၀)၊ ကက်သလစ်ဘုရားကျောင်း (ဒီးဒါးကူး ရပ်ကွက်) ဆောက်လုပ်ရေးအတွက် သိန်း(၃၀)၊ သီရိမင်္ဂလာဓမ္မာရုံ တည်ဆောက်ရန် အတွက် သိန်း(၃၀)၊ မြို့နယ်အတွင်းရှိ ပရဟိတကျောင်းများ အတွက် ဆန်အိတ် (၁၄၀)၊ အ၀တ်အထည် (၄၂၄)ထည် နှင့် ဗလာစာအုပ် (၄၂၄)ဒါဇင် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top