Thursday, May 8, 2014


ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် 

ကိုယ်စားလှယ် ဦးဌေးဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးသည် မေ(၃) ရက် နေ့လည် (၁၂) နာရီအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်ဌေး၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်၊ ဟင်္သာတမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်နိုင်လင်း၊ ဟင်္သာတခရိုင်/ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ လိုက်ပါလျက် ဟင်္သာတမြို့၊ မန်းဘခိုင်လမ်းနှင့် နတ်မှော် လမ်းဆုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုသည်။





ရှေးဦးစွာ ဟင်္သာမြို့နယ် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာမှူးကြီး ဦးအောင်စိုးနှင့် လမ်း ဖြစ်မြောက်ရေးကော်မတီဝင်များ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top