ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကမ်းပြိုပျက်စီး အိမ်ခြေ ငါးလုံး ပြန်ဆောက်ရန် အထောက် အကူပြုအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း
ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိမ်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်အေး၊ မြို့နယ်စည် ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမင်းညွန့်၊ ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ကော်မတီဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့သည် မေလ (၅) ရက်နံနက် (၁၀) နာရီ အချိန်တွင် ဆိပ်ကြီး ခနောင်တိုမြို့နယ် ခနောင်တိုအရှေ့ရပ်ကွက်ရှိ အောင် မင်္ဂလာ သောက်သုံးရေကန်တူးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေး ပြီး ချောင်းဝိုင်းလေးရပ်ကွက်ရှိ ရေတိုက်စားမှုကြောင့် ကမ်းပြိုရာတွင် ပါဝင် သွားသော အိမ်ခြေ ငါးလုံးအား ပြန်လည် ဆောက်လုပ်နိုင်ရန်အတွက် ရပ်ကွက် အထောက်အကူပြုအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံညှိနှိုင်းခဲ့သည်။

No comments:
Post a Comment