ပြင်ဦးလွင်အမှတ်တရနဲ့ အိချောပို
အိချောပိုက ပြင်ဦးလွင်မှာ နေတိုး၊ ခန့်စည်သူ၊ နေမင်းတို့နဲ့ ဗီဒီယို ၅ ကားရိုက်ကူးဖို့ ရောက်ရှိနေပါတယ်။ အဲဒီ ၅ ကားမှာတော့ ပရိသတ်ကြိုက်မယ့်
ဇာတ်လမ်းအစုံပါ တယ်လို့ပြောတဲ့ အိချောပိုကို ခန့်စည်သူနဲ့
ဟာသကားတွဲရိုက်တဲ့အခါမှာ ဟာသပိုင်တဲ့ ကိုခန့်စည်သူက ဘာတွေသင်ပေးလဲမေးတော့ ”အစုံပါပဲ၊ ဟာသဒိုင်ယာလော့က တအားလေးလို့မရဘူးဆိုတာကအစအကုန်သင်ပေးပါတယ်”
လို့ ပြောပါတယ်။
အငြိမ့်မင်းသမီး လူရွှင်တော်အဖြစ်လည်းလုပ်ဖူးတဲ့
အိချောပိုကို နောက်ထပ် လူရွှင်တော် လုပ်ပေးဖို့ ကမ်းလှမ်းထားတာရှိလားမေးတော့
” အဲဒီတုန်းက ဦးဇာဂနာ ဦးစီးပြီးလုပ်ပြီးတဲ့နောက်ပိုင်း သမီးကို
မင်းသမီးအဖွဲ့ကို ခေါ် တယ်လို့တော့ပြောတယ်။ ဒါပေမဲ့သမီး တို့ကလည်း
ကိုယ့်အလုပ်တွေနဲ့ ကိုယ်ဆိုတော့ အဲဒီဘက်ကို သိပ်မလုပ်ဖြစ်သေးဘူး”
လို့ပြောပါတယ်။
အိချောပိုရဲ့ ပြင်ဦးလွင်အမှတ်တရကိုမေးတော့ ”
သမီးပြင်ဦးလွင် ကို၃ နှစ်မြောက် လာရောက်ရိုက်ကူး တာပါ။ ပထမဆုံး
ပြင်ဦးလွင်မှာ ရိုက်တာက” ယောက်ျား ကိုရောင်း စားမယ်” ဆိုတဲ့ကား၊
ကိုပြေတီဦးနဲ့ပါ။ အဲဒီကားက တအားပေါက်ခဲ့တာ။ ပြီးတော့ “ဆွဲစိလိုက်မယ်” ကို
ကိုမြင့်မြတ်နဲ့ ရိုက်တာလည်း ပြင်ဦးလွင်မှာပဲ။ ကိုခန့်စည်သူနဲ့ အခု
ပြင်ဦးလွင်မှာရိုက်တာက တော့ပထမဆုံးပါပဲ” လို့ပြောပါတယ်။
အချိန်တိုအတွင်းမှာ
အိချောပိုအောင်မြင်လာတာဘာကြောင့်လို့ထင်လဲမေးတော့ ” အစ်ကို ဆရာတွေ က
လက်တွဲခေါ်တာကြောင့်ပါသလို ပရိသတ်တွေကလည်း
သမီးကားလေးတွေကိုအားပေးကြတာကြောင့်ပါ” လို့ပြောပါတယ်။ အလုပ်ကိုအာရုံစိုက်လုပ်နေတာကြောင့်အချိန်ပေးသင့်တဲ့
လူတွေကိုကောအချိန်ပေးဖြစ်ရဲ့ လားမေးတော့ ” တခြားအာရုံပျံ့
လွင့်တာတွေမရှိသလို ဒီအလုပ်ကို အာရုံစိုက်တာကြောင့်
အလုပ်လုပ်နေတဲ့အချိန်မှာ တခြားဟာကို ခေါင်းထဲမထည့်ဘူး။
ဒီလုပ်လုပ်ကတည်းက မိသားစု စုံစုံညီညီတွေ့ရတာတောင် သိပ်မရှိတော့ဘူး” လို့ ပြောပါ တယ်။ အိချောပိုကို ဖေ့စ်ဘုတ် ပရိသတ်က ဘာပြောလဲမေးတော့ ” အစ်မကကားတော်တော် ရိုက်တာပဲလို့ ပြောကြတယ်။ ပရိသတ်က အိချောဇာတ်ကားတွေကို စိတ်ဝင်တစား နဲ့မေးရင် ပြန်ပြောဖြစ်တယ်” လို့ပြောပြခဲ့ပါတယ်။

No comments:
Post a Comment