Tuesday, May 27, 2014

World Posts ကလပ်စစ် စက်ဘီးစီး ပြိုင်ပွဲမှာ သီယိုဘော့စ် ဗိုလ်စွဲ






(၂)ရက်ကြာ ပြိုင်ရတဲ့World Posts ကလပ်စစ် စက်ဘီးစီးပြိုင်ပွဲမှာ ဒတ်ခ်ျလူမျိုး သီယိုဘော့စ်က အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ဒီပြိုင်ပွဲက ဥရောပရဲ့ ဆိပ်ကမ်းမြို့ကြီး (၂)မြို့အကြားမှာ ပြိုင်ရတာဖြစ်ပြီး ပထမနေ့မှာ နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့ကနေ ဘယ်ဂျီယံနိုင်ငံ အန့်တ၀ပ်မြို့အထိ ယှဉ်ပြိုင်ရပါတယ်။ အဲဒီပထမနေ့မှာ ဂျာမနီနိုင်ငံသား ဂရစ်ပယ်က ပထမရပြီး သီယိုဘော့စ်က တတိယ ရပါတယ်။ ဒုတိယနေ့မှာတော့ အန့်တ၀ပ်မြို့ကနေ ရော့တာဒမ်မြို့ကို ပြန်စီးပါတယ်။ အဲဒီခရီးက (၁၆၀ဒသမ၅)ကီလိုမီတာရှိပြီး အဆင့်လိုက် ပထမဆုကိုတော့ နယ်သာလန်နိုင်ငံသား ရာမွန်ဆင်ကယ်ဒန်က (၃)နာရီ(၂၇)မိနစ်(၂)စက္ကန့်နဲ့ ပထမရပြီး သီယိုဘော့ကလည်း အဲဒီစံချိန်နဲ့ပဲ ဒုတိယရပါတယ်။ ဒါကြောင့် နှစ်ရက်ပေါင်း စံချိန်(၈)နာရီ (၀၈)မိနစ်နဲ့ သီယိုဘော့စ်က ပြိုင်ပွဲတစ်ရပ်လုံးရဲ့ ချန်ပီယံဆုကို ရသွားပါတယ်။ ပြိုင်ပွဲတစ်ရပ်လုံးရဲ့ ဒုတိယဆုကို ဆင်ကယ်ဒန်ကရပြီး တတိယဆုကိုတော့ ရုရှားနိုင်ငံသား အလက်ဇန်းဒါးပေါ်ဆက်ဗက်က ရပါတယ်။ အဆင့်(၂) ချန်ပီယံဖြစ်တဲ့ ဆင်ကယ်ဒန်က "တကယ်ခက်ခက်ခဲခဲ ပြိုင်ခဲ့ရတာပါ။ ပထမနေ့မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဂရစ်ပယ်ကို ပန်းဝင်ဖို့ (၂၀)ကီလိုမီတာ အလိုလောက်မှာ ကျွန်တော်နဲ့ ကျွန်တော့်အသင်းဖော်တွေ ကျော်တက်ခဲ့ပါတယ်။ ပြိုင်ပွဲတစ်ရပ်လုံးရဲ့ ချန်ပီယံဆုကို သီယိုဘော့စ်ရလို့ ၀မ်းသာပါတယ်"လို့ ပြောပါတယ်။

No comments:

Post a Comment

back to top