Wednesday, May 7, 2014


၂၀၁၅ အထွေထွေရွေးကောက်ပွဲ မစတင်မီ ခြောက်လအတွင်း အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ပြီးဖြစ်ရမည်ဟု မူချမှတ်ထားသကဲ့ သို့ မြန်မာနိုင်ငံ၏ သမိုင်းကြောင်း အခြေအနေနှင့် ပထ၀ီအနေအထားအရ လိုက်လျောညီထွေရှိသော ဖက်ဒရယ်ဒီမိုကရေစီ ကျင့်သုံးရ မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ကျင်းပသော ရခိုင် အမျိုးသားညီလာခံ ပဉ္စမမြောက်နေ့တွင် ပြောကြားခဲ့သည်။
“ အမေရိကန်နိုင်ငံမှာ ကျင့်သုံးတဲ့ ဖက်ဒရယ်ဒီမိုကရေစီအတိုင်း၊ ဆွစ်ဇာလန် မှာ ကျင့်သုံးတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ကျင့်သုံးပုံအတိုင်း ထပ်တူဆောင်ရွက် လို့မရဘူး။ ကျွန်တော်တို့ နိုင်ငံနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ဖက်ဒရယ် ဒီမို ကရေစီစနစ်မျိုးသာ ဖြစ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဖက်ဒရယ်ဆိုတိုင်း မကြောက်ပါနဲ့၊ ဒီမိုကရေစီဆိုတိုင်း မကြောက်ပါနဲ့ ကျွန်တော်တို့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီနဲ့ ဆောင်ရွက်နေပါတယ်။ ဒီကနေ့ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်း ကို ကြည့်မယ်ဆိုရင် ဖက်ဒရယ် သို့မဟုတ် ဒီမိုကရေစီ စတဲ့ နှစ်ချက်ကို ယှဉ်တွဲပြီး ဆောင်ရွက်နေကြပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

No comments:

Post a Comment

back to top